Powered by Blogger.

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကို ရီးရဲလ်နဲ့ ဘာစီလိုနာတို့ အပြိုင်ကြိုးပမ်းနေ


အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ကစားသမား အိုဇေးလ်ကိုတော့ စပိန်အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က အပြိုင် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းကလည်း သူတို့ရဲ့ ဖန်တီးရှင်ကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် ထိန်းချုပ်လျက်ရှိနေပါတယ်။

ရီးရဲလ်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းကို ဘာနေဗျူးကို ပြန်ခေါ်ယူချင်နေပြီး ၂၀၁၃ ခုနှစ်တုန်းက မက်ဒရစ်ကနေ အာဆင်နယ်အသင်းကို ပေါင် ၄၂ သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အိုဇေးလ်ဟာ ဒီရာသီမှာတော့ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ တောက်လျှောက်ပြသလျက်ရှိနေပြီး အသင်းအတွက်လည်း ၁၈ ဂိုးအထိ ဖန်တီးပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ အိုဇေးလ်ကို MSN တိုက်စစ်ကို ကွင်းလယ်ကနေ အကောင်းဆုံးမောင်းတင်ပေးနိုင်ဖို့အတွက် ခေါ်ယူလိုနေတာဖြစ်ပြီး အသက်ရလာတဲ့ အင်နီယေစတာနေရာမှာ အစားဝင်နိုင်မယ့် ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာဆိုရင်တော့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရပြီးတဲ့နောက်ပိုင်းမှာ အကောင်းဆုံး အင်အားဖြည့်မှုတွေကို ပြုလုပ်နေလိုပြီး ဂျာမန်ကွင်းလယ်ဖန်တီးရှင်အတွက် ၄၈ နာရီလောက် ပြန်လည်ကြိုးပမ်းခဲ့ဖူးတဲ့ ရီးရဲလ်အသင်းကတော့ အပြောင်းအရွှေ့လှုပ်ရှားခွင့် အပိတ်ခံရတဲ့ ပြစ်ဒဏ်ကြောင့် အိုဇေးလ်ကို ခေါ်ယူရေးမှာ ခြေလှမ်းတွေနောက်ကျသွားဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း ကာယကံရှင် အိုဇေးလ်ကတော့ သူ့အနေနဲ့ မြောက်လန်ဒန်ဒေသကနေ ဘယ်ကိုမှ ထွက်ခွာသွားမှာမဟုတ်ကြောင်း နည်းပြ အာစင်ဝင်းဂါးကြောင့်လည်း အာဆင်နယ်မှာ ကစားနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး သတင်းတွေက မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။ လောလောဆယ်မှာတော့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ပျော်ရွှင်လျက်ရှိနေပြီး နည်းပြ အာစင်ဝင်းဂါးကို လာမယ့်အပြောင်းအရွှေ့တွေမှာ ငွေသုံးဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Telegraph



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment