Powered by Blogger.

တိုက်စစ်မှူး လော်ရန်တေး အတွက် စပါး အသင်း ကမ်းလှမ်းမှုကို ဆွမ်ဆီး လက်ခံ



ဆွမ်ဆီး အသင်းဟာ ၎င်းတို့ အသင်း တိုက်စစ်မှူး လော်ရန်တေး အတွက် စပါး အသင်းရဲ့ အပြောင်းအရွှေ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း သိရပါတယ်။

 အဆိုပါ တိုက်စစ်မှူးကို ချဲလ်ဆီး အသင်း အနေနဲ့ ကာလရှည်ကြာ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ လန်ဒန်ဒါဘီ ပြိုင်ဘက် စပါး အသင်းက အသာရဖို့ ပိုပြီး နီးစပ်သွားပြီလို့ ဆိုရမှာပါ။

အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက်တော့ ကစားသမားရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အဓိက ဖြစ်နေပြီး ကစားသမား အနေနဲ့လည်း အေးဂျင့် ဖြစ်သူနဲ့ ဆွေးနွေးပြီးမှ လက်ခံမယ်လို့လည်း သိရပါတယ်။ လော်ရန်တေးဟာ ချဲလ်ဆီး အသင်း နည်းပြ ကွန်တီနဲ့ အတူ ဂျူဗင်တပ် အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေ ဖြစ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment