Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းကနေ ရုတ်တရက်ပြောင်းရွှေ့သွားဖွယ်ရှိနေတဲ့ ဂါရတ်ဘေးလ်




ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မူး ဂါရတ်ဘေးလ်ဟာ ဇွန်လ ၄ ရက်နေ့ မှာကစားမယ့် ဂျုဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ခွင့်မရရှိရင် အသင်းကနေထွက်ခွာဖွယ်ရှိတယ်လို့ စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာ ဒဏ်ရာရရှိနေတဲ့ ဂါရတ်ဘေးလ်ရဲ့ နေရာမှာခြေစွမ်း ပြကစားနေတဲ့ ကွင်းလယ်လူ အစ္စကိုကို ပွဲထွက်ခွင့်ပေးလာဖွယ်ရှိနေတာပါ။

တိုက်စစ်မူးဂါရတ်ဘေးလ်ဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရပီး ခြေစွမ်းကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် သွင်းဂိုး ကိုးဂိုးသာသွင်းယူထားနိုင်ခဲ့တာပါ။

ရီယဲလ်မတ်ဒရစ်အသင်းရဲ့ ဥက္ကဌ ပီးရက်စ်ဟာ ဂါရတ်ဘေးလ်ကို စပါးအသင်းကနေ စံချိန်တင်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး ၊ အနာဂတ်မှာ စီရော်နယ်ဒိုရဲ့ နေရာမှာအစားထိုးဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမယ့် ဘေးလ်ဟာ ဒဏ်ရာပြသနာတွေမကြာခဏကြုံတွေ့နေပြီး ခြေစွမ်းကျဆင်းနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ပြန်လည်ရောင်းထုတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဂါရတ်ဘေးလ်အနေနဲ့ လည်းရီးရဲမက်ဒ၇စ်အသင်းမှာ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုရှိနေတာကိုလည်း အနည်းငယ်ဘ၀င်မကျဖြစ်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တတ်အသင်းကလည်း ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့  စိတ်ဝင်စားနေပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာတရားဝင်းကမ်းလှမ်းမယ်လို့ သိရပါတယ်။

Mocha

#sports.thithtoolwin.com

Ref : Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment