Powered by Blogger.

မက်စီထက်ပိုကောင်းတယ်လို့  အစ္စကို ကိုချီးကျူးလိုက်တဲ့  ဗာရက်တီ


ဥရောပအသင်းကြီးနှစ်သင်းဖြစ်တဲ့ စပိန်အသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့  ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာ စပိန်အသင်းဟာ အီတလီအသင်းကို သုံးဂိုးသွင်းယူပြီးခြေစွမ်းအသာစီးဖြင့်ပြတ်သားစွာအနိုင်ယူခဲ့ပါတယ်။အဆိုပါပွဲ မှာခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်စတားအစ္စကိုရဲ့ ခြေစွမ်းကို နည်းပြများနဲ့ ကစားသမားအများစုကချီးကျုးမူတွေပြုလုပ်ခဲ့တာကိုတွေ့ ရပါတယ်။

အီတလီအသင်းရဲ ပီအက်စ်ဂျီကွင်းလယ်ကစားသမား ဗာရက်တီဟာအစ္စကိုရဲ့ ခြေစွမ်းကိုအံအားသင့်ခဲ့ရပြီး ဘာစီလိုနာတိုက်စစ်မှုးမက်စီတောင်သူလိုစွမ်းဆောငိနိုင်မှာမဟုတ်ပါဘူး ၊အစ္စကိုဟာ မက်စီထက်ပိုကောင်းတယ်လို့ ချီးကျုးသွားခဲ့တာကိုတွေ့ ရပါတယ်။

စပိန်အသင်းဟာ အစ္စကိုရဲ့ ဂိုးနှစ်ဂိုး ၊ချဲလ်ဆီးတိုက်စစ်မှုးမိုရာတာရဲ့ တတိယမြောက်အနိုင်ဂိုးနဲ့ မဟာပြိုင်ဘက်အီတလီအသင်းကိုအနိုင်ယူပြီး ခြေစစ်ပွဲအဆင့်တွေမှာ ၁၁နှစ်ကြာရှုံးပွဲမရှိသေးတဲ့ အီတလီအသင်းရဲ့ စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။စပိန်အသင်းကတော့ ခြေစစ်ပွဲ (၃)ပွဲသာ ကစားရဖို့ ကျန်ရှိတော့တဲ့အချိန်မှာ အီတလီအသင်းကို (၃)မှတ်ဖြတ်နိုင်ခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။
Mocha

#sport.thithtoolwin.com

Ref: Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. Merkur 20c Review - Merkur 20c - Casino.com
    Merkur 20C is one of 메리트카지노 the world's choegocasino most well-known online, most popular Merkur. The 23c is a high quality replica of the vintage 1xbet korean Merkur but it's a smaller

    ReplyDelete