Powered by Blogger.

ရေခဲ ပြင်အောက်မှာ နစ်မြုပ်နေတဲ့ ဘဲငှက်ကို ပါးစပ်ချင်းတေ့ အသက်ရှုစေပြီး ကယ်တင်ခဲ့တဲ့ ရေကူးသမား



ကံကောင်းတဲ့ ဘဲ တစ်ကောင်ဟာ ရေခဲ ပြင်အောက်မှာ နစ်မြုပ်နေစဉ်မှာ ရဲရင့်တဲ့ ရေကူးသမား တစ်ယောက်ရဲ့ ပါးစပ်ချင်းတေ့ အသက်ရှုစေပြီး ကယ်တင်ခဲ့တဲ့ အတွက် အသက်ရှင်ခဲ့ရပါတယ်။
နော်ဝေနိုင်ငံ ၊ Oslo မြို့အနီးမှာ ရှိတဲ့ Sognsvann ကန် ရဲ့ ရေခဲနေတဲ့ ရေပြင်အောင်မှာ နစ်မြုပ် ပိတ်မိနေတဲ့ ငှက်ငယ် ဟာ ရေကူးဖို့လာတဲ့ ဒေသခံ ရေကူးကျွမ်းကျင် သူတစ်ယောက်နဲ့ ကံကောင်းစွာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် Lars Jorun Langoien ဆိုသူ အမျိုးသားဟာ ထိုရေကန် မှာ ပုံမှန်ကူးနေကြသူ တစ်ယောက်ဖြစ်ပြီး  ထိုကဲ့သို့ ပုံမှန် ရေကူးပေးခြင်းဟာ သူ့ ကို ကျန်းမာရေး ကောင်လာစေတယ်လို့ဆိုပါတယ်။
သူဟာရေကန်ထဲဆင်းဆင်းချင်းမှာပဲ ရေခဲပြင်အောက်မှာ နစ်မြုပ်နေတဲ့ ဘဲ ကိုတွေ့ရှိခဲ့ပြီး ထို ဘဲ ငှက်ရဲ့ အသက်ဟာ ကမ်းပေါ်ရောက်သည်အထိ မမှီနိုင်တဲ့အတွက် ပါးစပ်ခြင်းတေ့ပြီး ကယ်တင်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုကယ်တင်ခဲ့တဲ့ ဘဲငှက်ရဲ့ အမျိုးအစားကတော့ Golden Eye Duck ဖြစ်တယ်လို့ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment