မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီရာဟာ လက်ရှိ ကလပ်နှင့် နိုင်ငံအသင်း အတွက် ခြေစွမ်းပြနေသူ စပိန်အသင်းဖော် အစ္စကိုဟာ အကောင်းထဲက အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မည်ဟု ချီးကျုးပြောကြားလိုက်ပါတယ်။
"ကျွန်တော်က အစ္စကိုကို သိထားတာ ကြာပြီ ဖြစ်တဲ့ အတွက် သူ့ရဲ့ ခြေစွမ်းပြနေမှုတွေနဲ့ ပတ်သက်ပြီး အံ့အားသင့်မှု မဖြစ်မိပါဘူး၊ သူဟာ လက်ရှိ အဆင့်မြင့် ခြေစွမ်းတွေ ပြနေပြီး ကွင်းထဲမှာ အကောင်းဆုံး တွေ လုပ်ပြနေသူပါ''
"သူဟာ အဆင့်မှီ ကစားသမား ဖြစ်လို့ ကျွန်တော်တို့အသင်းအတွက် အလွန်ကောင်းပါတယ်၊ သူ့ရဲ့ ခြေစွမ်း ဆက်လက်တိုးတက်လာမယ်လို့ မျှော်လင့်ထားတယ်၊ သူ့ ရဲ့ အရည်အသွေးအရ ပြောရရင် သူဟာ အကောင်းထဲက အကောင်းဆုံး တစ်ယောက် ဖြစ်လာပါလိမ့်မယ်'' လို့ ဒီဂီရာမှ ဆိုပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment