Powered by Blogger.

Adidas က ထုတ်လုပ်မယ့် မန်ယူ ဂျာစီ အသစ်




ပရိတ်သတ်တို့ အသည်းစွဲ မန်ယူအသင်းဟာ သူတို့ရဲ့ ဂျာစီ ၀တ်စုံတွေကို Adidas ကုမ္မဏီ နဲ့ စာချုပ်ချုပ်ဆို ထုတ်လုပ်သွားမယ့် ဓါတ်ပုံတွေ Twitter ကတစ်ဆင့်ထွက်ပေါ်လာပါတယ်။

ဒီသတင်းတွေထွက်ပေါ်နေခဲ့တာ လအနည်းငယ်ခန့်ရှိနေပြီဖြစ်ပြီး ဘာပဲပြောပြော မန်ယူ ရဲ့ ၃ လိုင်းစင်း တံဆိပ်ပါတဲ့ အကျီင်္ဟာ ပရိတ်သတ်တွေ သဘောကျဖွယ်ရာ ဖြစ်နေတာကို တွေ့ရမှာပါ လို့ မန်ချက်စတာ ညနေခင်းသတင်းကလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ပရိတ်သတ်တွေ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာတာက Adidas နဲ့ ပူးပေါင်းထုတ်လုပ်မယ့် မန်ယူရဲ့ ဂျာစီအသင်းဟာ အိမ်ကွင်းအတွက် အနီ ၊ အဝေးကွင်းအတွက် အဖြူတင်မကတော့ပဲ ၁၉၉၂ ခုနှစ်က လိဂ်ဖလားဖိုင်နယ် ပွဲစဉ်မှာ မန်ယူ အသင်းဝတ်ဆင်ခဲ့တဲ့ အဝေးကွင်းဝတ်စုံ အနက်ရောင် ပါ ပြန်လည် ပါဝင်လာတာပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ Adidas ကုမ္မဏီ နဲ့ စတာလင်ပေါင် သန်း ၇၅၀ တန်ဖိုးရှိတဲ့ စံချိန်တင် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လက်တွဲဖော် ကုမ္မဏီဟောင်း Nike နဲ့ ကတော့ ၁၃ နှစ်ကြာလက်တွဲခဲ့ဖူးပြီး အကြိမ် ၂၀ တိတိ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Nike နဲ့ သဘောတူညီမှု ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပဲ ကုန်ဆုံးသွားပြီဖြစ်ပါတယ်။

Nike နဲ့ စာချုပ်မချုပ်ခင်ကလည်း မန်ယူအသင်းဟာ Umbro ကုမ္မဏီ နဲ့စာချုပ်ချုပ်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ်မှာမှ Nike ဟာ မန်ယူ အသင်းရဲ့ ဂျာစီ စပွန်ဆာ ဖြစ်လာခဲ့တာပါ။ Adidas အနေနဲ့ ကလည်း အခုတစ်ကြိမ် အလုပ်တွဲလုပ်တာဟာ ဒုတိယ အကြိမ် ဖြစ်ပြီး ပထမအကြိမ် အဖြစ် ၁၉၈၀ ကနေ ၁၉၉၂ ခုနှစ်အထိ ၁၂ နှစ်တိတိ စာချုပ်ချုပ်ဆို အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment