ယူ-၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်မယ့် မြန်မာဘောလုံးအသင်းသားများ |
စနေနေ့ည မှာ နယူးဇီလန်နိုင်ငံ မြောက်ဘက်က Whangareu မြို့ရဲ့ Northland Events Centre မှာ ကျင်းပမယ့် ယူ -၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြန်မာလူငယ် အသင်းနဲ့ အမေရိကန် လူငယ် အသင်းတို့ ဟာ ယှဉ်ပြိုင်ရတော့ မှာ ဖြစ်ပါတယ်။
မြန်မာလူငယ်အသင်းအတွက်လည်း ကောင်းမွန်တဲ့ ရာသီ ဥတု အခြေအနေက ကိုယ့်ဘက်ပါနေပါတယ်။ မြန်မာနိုင်ငံမှာ မိုးတွေရွာနေသလို ပဲ နယူးဇီလန်နိုင်ငံမှာလည်း မိုးတွေရွာနေပါတယ်။ မတူညီတာ တစ်ခုကတော့ နယူးဇီလန်နိုင်ငံ ရဲ့ လက်ရှိ မိုးတွင်း ဟာ မြန်မာနိုင်ငံရဲ့ မိုးတွင်းထက် ၃၈C တိတိ ပိုပြီးအေးပါတယ်။
သောကြာင်္နေ့ကပဲ မြန်မာ လူငယ် အသင်းနဲ့ အမေရိကန် လူငယ် အသင်းတို့ဟာ Whangareu မြို့ကိုရောက်ရှိနေပါပြီ။ အားလုံးသိတဲ့အတိုင်း အမေရိကန် ပြည်ထောင်စု ရဲ့ ဘောလုံး အားကစားဖွံဖြိုး မှု အခြေအနေအရ မြန်မာ လူငယ် မှာ မျှော်လင့်ချက်ပိုရှိနေပေမယ့်လည်း ပထမဆုံး ယူ-၂၀ ကမ္ဘာ့ ဖလားရဲ့ အဖွင့်ပွဲစဉ်လည်း ဖြစ်နေတဲ့အတွက် ကွင်းရဲ့ အခြေအနေကိုတော့ သတိထားဖို့လိုလာပါပြီ။
၂၀၁၁ ကမ္ဘာ့ ရဂ်ဘီ ပွဲစဉ်ကို လက်ခံကျင်းပခဲ့တဲ့ Northland Events Centre မှာ မိုးတွေရွာနေတဲ့အချိန် မိုးရေထဲမှာ ခြေစွမ်းပြလေ့ရှိတဲ့ မြန်မာ ဘောလုံးအသင်း က အမေရိကန် အသင်းကို ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
ကမ္ဘာကျော် ဘောလုံးပွဲ ခန့်မှန်းဒိုင်ဖြစ်တဲ့ Bet365 ကလည်း မြန်မာအသင်းကို နိုင်ချေ ၂၁.၂၅ ခန့်မှန်းထားပြီး အမေရိကန် အသင်းကို ၁.၀၈ သာခန့်မှန်းထားတာကိုလည်း တွေ့ရပါတယ်။
Ref : nzherald
0 comments :
Post a Comment