Powered by Blogger.

အခွင့်အရေးတွေလွဲချော်ပြီး သရေတစ်မှတ်သာရရှိခဲ့တာကြောင့်  စိတ်ပျက်နေတဲ့ အာဂျင်နည်းပြဆမ်ပါအိုလီ



အာဂျင်တီနားအသင်းရဲ့ နည်းပြ ဆမ်ပါအိုလီဟာ အိမ်ကွင်းမှာဗင်နီဇွဲလားအသင်းနဲ့ ၁-၁ သရေကျခဲ့ပြီးတဲ့နောက် အခွင့်အရေးတွေလွဲချော်မှုကိုစိတ်ပျက်နေကြောင်းပြောဆိုလိုက်ပါတယ်။

အာ၈ျင်တီးနားဟာဒီတစ်ပတ်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အခြေအနေမကောင်းဘဲ ကြာသပတေးနေ့ကလည်း ဥရုဂွေးကိုအဝေးကွင်းမှာဂိုးမရှိသရေကျခဲ့ပါသေးတယ်။

အာဂျင်တီနားအသင်းဟာ အုပ်စုအမှတ်ပေးဇယားမှာလည်း အဆင့် ၅ ကိုရောက်ရှိနေပြီးတိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ကြီးမားတဲ့အခွင့်အရေးကိုလွဲခဲ့လို့အရမ်းစိတ်ပျက်ရပေမယ့်ဘောလုံးမှာဒါမျိုးဖြစ်တတ်ပါတယ်လို့ဆမ်ပါအိုလီကပြောပါတယ်။တောင်အမေရိကဇုန်မှာ ခြေစစ်ပွဲတွေပြီးဆုံးတော့မှာဖြစ်ပြီး ၂ပွဲသာကျန်ရှိတော့ရာမှာ အာဂျင်တီးနားကပီရူး၊အီကွေဒေါတို့နဲ့ကစားဖို့ကျန်နေပါသေးတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment