Powered by Blogger.

ကစားသမားဘ၀ကို အင်ဒီပန်ဒီးယန့်အသင်းမှာ ပြန်လည်အဆုံးသတ်မယ်ဆိုတဲ့ အဂွဲရိုး



ပရီးမီးယာလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှုးကြီး အဂွဲရိုးဟာ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၀ခုနှစ် မှာ ကုန်ဆုံးတော့မှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။

အသက် ၂၉နှစ်အရွယ်ရှိတဲ့ ကစားသမားဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေသွင်းယူပေးပြီး ပရီးမီးယာလိဂ်အမှတ်ပေးဖလားကိုရယူဖို့ လက်တကမ်းအလိုကိုရောက်ရှိနေပြီဖြစ်ပါတယ်။

မန်းစီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ သူ့ရဲ့စာချုပ် ကုန်ဆုံးချိန်မှာတော့ သူ့ရဲ့ ငယ်ဘ၀ကလပ် အင်ဒီပန်းဒီးယန့်အသင်းကို ပြန်သွားမှာဖြစ်တယ်လို့ Fox Sports နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။


Mocha

#sport.thihtoolwin.com

Ref:calciomercato
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment