Powered by Blogger.

အက်သက်လက်တီကိုအသင်းနဲ့  စာချုပ်သက်တမ်းတိုးလိုက်တဲ့  နည်းပြဆီမြွန်နီ


အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီသည် အသင်း နှင့် ၂ နှစ်စာချုပ် သစ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်းသိရသည်။ အသက် ၄၇ နှစ်အရွယ်ရှိ နည်းပြ သည် အက်သလက်တိကိုနည်းပြအဖြစ် ၂၀၁၁ ခုနှစ်က စတင်တာဝန်ယူခဲ့ပြီး သူ ၏လက်ရှိစာချုပ်မှာ ၂၀၂၀ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် အက်သလက်တီကိုအသင်း က စာချုပ်သက်တမ်းတိုးမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နည်းပြဆီမြွန်နီသည် အာဆင်နယ်အသင်းနည်းပြ ၀င်းဂါးနေရာတွင်အစားထိုးခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုကဲ့သို့ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် အာဆင်နယ်သို့ ပြောင်းဖွယ်ရှိသည်ဆိုသည့်သတင်းများအဆုံးသတ်သွားပြီဖြစ်သည်။

အက်သလက်တီကိုအသင်းက “ နည်းပြ ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။ နည်းပြ ဟာ အသင်းမှာ နောက်ထပ် ၂ ရာသီ ဆက်ရှိမှာဖြစ်တယ်။ “ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဆီမြွန်နီသည် အက်သလက်တီကိုအသင်းနည်းပြအဖြစ် တာဝန်ယူပြီးချိန်နောက်ပိုင်းမှာအသင်းကို ဥရောပစူပါဖလားချန်ပီယံဆု၊ စပိန်ဘုရင့်ဖလားတို့ကိုရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပရိသတ်နှစ်သက်သည့်နည်းပြတစ်ဦးဖြစ်ကြောင်းသိရသည်။ ထိုအပြင် ဆီမြွန်နီသည် နည်းပြအဖြစ်တာဝန်ယူပြီးချိန်နောက်ပိုင်းတွင် အက်သလက်တီကိုအသင်းကိုလည်း ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ကောင်းများရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့်အသင်းက ၄င်းကိုအသင်းမှာဆက်ထိန
်းနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment