Powered by Blogger.

စပိန်အသင်းကိုမှီဖို့  အင်္ဂလန်အသင်း အများကြီးကြိုးစားဖို့ လိုသေးတယ်လို့ ဆောက်ဂိတ်ဝန်ခံ



ယနေ့မနတ်အစောပိုင်းမှာ အင်္ဂလန်အသင်းဟာကမ္ဘာဖလားခြေစစ်ပွဲ ဆလိုဗတ်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဆလိုဗက်ကီးယားရဲ့ မာကျောတဲ့ တုန့်ပြန်မူကြောင့်ခက်ခက်ခဲခဲနဲ့ ကစားခဲ့ရပြီး၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ အသင်းကိုအားရမူမရှိသေးဘဲလိုအပ်ချက်တွေများစွာရှိနေပြီး စပိန်အသင်းကိုမှီဖို့ ကြိုးစားဖို့ လိုအပ်သေးတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကစပိန်အသင်းဟာရီရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကစားသမားအများစုပါဝင်နေပြီးချန်ပီယံလိဂ်ရရှိထားတဲ့ကစားသမားတွေအများကြီးပါဝင်နေပါတယ်။စပိန်အသင်းရဲ့ အရည်အသွေးကိုမှီဖို့ အင်္ဂလန်အသင်းဟာအများကြီးကြိုးစားဖို့ လိုပါသေးတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

စပိန်အသင်းဟာလူငယ်ကစားသမားများနဲ့ အတွေ့ ကြုံရင့်ကစားသမားတွေကိုပြန်လည်းပေါင်းစပ်ဖွဲ့ စည်းထားပြီး ပြီခဲ့တဲ့ စနေနေ့တုန်းကအီခံစစ်အကောင်းဆုံးအသင်းကိုတလီလိုအသင်းကိုတောင်၃ဂိုးပြတ်နဲ့အနိုင်ယူခဲ့တာပါ။

ဆောက်ဂိတ်က“ချန်ပီယံလိဂ်ကိုမကြာခဏရယူထားပြီးအရည်သွေးမြင့်ကစားသမားတွေသူတွေပါဝင်နေတဲ့အသင်းကိုလက်ရှိမှာဘယ်လိုလုပ်သွားယှဉ်မလဲ၊သူတို့ဟာ ကမ္ဘာ့ဖလားကိုသာမက ယူရိုချန်ပီယံဘွဲ့ကိုပါ ၂ ကြိမ်ဆက်ရယူထားတာပါ၊ကျွန်တော့အသင်းမှာကဆုဖလားရရှိရဖူးသူအနည်းငယ်ပါဝင်နေပေမယ့်အများစုကတော့ ဖလားအတွေ့အကြုံမရှိကြပါဘူး”လို့ပြောသွားပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment