Powered by Blogger.

စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အင်နီယေစတာကို အလွတ်ပြောင်းရွေ့ ကြေးနဲ့ ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ



အီတလီထိပ်သီးကလပ်ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် စပိန်ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာကို အလွတ်ပြောင်းရွေ့ ကြေးဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရပါတယ်။

ဂျူဗင်တပ်အသင်းသည် အေစီမီလန်အသင်းမှ အီတလီကွင်းလယ်ကစားသမား ပီယာလိုကိုလည်း စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အလွတ်ခေါ်ယူပြီး အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် အင်နီယေစတာကို ချိန်ရွယ်နေခြင်းဖြစ်ပါတယ်။

အင်နီယေစတာသည် အသက်(၃၃)နှစ်ရှိပြီး ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ဘာစီလိုနာအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း အင်နီယေစတာက လက်ခံခြင်းမပြုသေးဘဲ အသင်းနှင့် လမ်းခွဲနိုင်ခြေရှိသည်ဟုလည်း အရိပ်အမြွက်ဆိုခဲ့ဖူးပါတယ်။

ဂျူဗင်တပ်စ်အသင်းသည် အင်နီယေစတာအပြင် လာမည့်ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် လီဗာပူးလ်အသင်းမှ အမ်မရီချန်၊ ရှော်လ်ကေးအသင်းမှ ဂိုရက်ဇ်ကာတို့ကိုလည်း ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment