Powered by Blogger.

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာမယ်လို့ ဟာရီကိန်းကို ဆောက်ဂိတ်မှတ်ချက်ပြု



အင်္ဂလန်အသင်းနဲ့ စပါးအသင်းတို့ ရဲ့တိုက်စစ်မှုးဟာရီကိန်းဟာ စီရော်နယ်ဒို ၊မက်ဆီတို့ ရဲ့ ခြေစွမ်းမျိုးတချိန်မှာပြသလာပြီးကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ နည်းပြဆောက်ဂိတ်ကပြောဆိုလိုက်ပါတယ်။

ဟာရီကိန်းဟာ ၂၀၁၅ခုနှစ်တုန်းမှစတင်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာရွေးချယ်ခံရပြီး ပြီခဲ့တဲ့စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ မော်လ်တာအသင်းကို ၄ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့တဲ့ ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူခြေစွမ်းပြခဲ့ပြီး နိုင်ငံအသင်းအတွက် သွင်းဂိုး၁၀ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်၂၄နှစ်အရွယ်ရှိတဲ့ တိုက်စစ်မှုးဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၁၂၅ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီးပရီးမီးယာလိဂ်ရွှေဖိနပ်ဆု ဂိုးသွင်းဘုရင်ဆုကို ၂နှစ်ဆက်ဆွတ်ခူးထားနိုင်ခဲ့ပြီး ပရီးမီးယာလိဂ်ရဲ့ ထိတ်တန်းတိုက်စစ်မူးအဖြစ်သက်သေပြထားနိုင်ခဲ့ပါတယ်။

ဆောက်ဂိတ်က " ဟာရီကိန်းဟာ ခြေစွမ်းထက်မြက်ပြီးအဆုံးသတ်သေချာတဲ့တိုက်စစ်မူးတစ်ယောက်ပါ သူဟာ ရော်နယ်ဒို ၊ မက်စီတို့ လို့ ပွဲတစ်ပွဲကိုကောင်းစွာအဆုံးဖြတ်ပေးနိုင်ပြီးနောင်တချိန်မှာ Ballon D'or ဆုကိုဆွတ်ခူးနိုင်လိမ့်မယ်လို့ " ချီးကျုးပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ရဲ့ တိုက်စစ်မူးဟောင်း နစ္စတယ်ရွိုင်းက ဟာရီကိန်းကိုချီးကျုးမူတွေပြုလုပ်ခဲ့ပါသေးလို့ သိရပါတယ်။
Mocha

#sport.thithtoolwin.com

Ref: Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment