Powered by Blogger.

လီဗာပူးအသင်းရဲ့ သြဂုတ်လအကောင်းဆုံးကစားသမား အဖြစ်ရွေးချယ်ခံရတဲ့ ဆာလက်စ်


လီဗာပူးလ် အသင်းရဲ့  သြဂုတ်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားအဖြစ်ကိုတော့ အသင်း ရဲ့ကစားသမားသစ် ဖြစ်သူမိုဟာမက်ဆာလက်က ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

ထိုအတူ သြဂုတ်လအတွက် လီဗာပူးလ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ဂိုးအဖြစ်လည်း အာဆင်နယ် အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ အသင်း အတွက်ကို သွင်းယူခဲ့တဲ့ ဆာလက်ရဲ့ ဂိုးက ရွေးချယ်ခံရတာ ဖြစ်ကြောင်း အသင်းရဲ့ တရားဝင်သတင်းများမှာ ဆိုထားပါတယ်။

ဆာလက်စ်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက် နောက်ခံလူ ဘယ်လာရင်ကို ကျော်ဖြတ်ပြီး ဂိုးသမား ပီတာဆက်ခ်ျကို အကောင်းဆုံး လှည့်ဖျားပြီး အသင်း အတွက်ကို အလှဆုံး ဂိုးတစ်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဆာလက်ဟာ ယခုရာသီမှာမှ လီဗာပူးလ် အသင်းကို ရိုးမား အသင်းကနေ ရောက်လာခဲ့တာ ဖြစ်ပြီး အသင်း အတွက်ကို ခြေစွမ်းများ ပြသကာ တိုက်စစ်ပိုင်း အားထားနေရတဲ့ တောင်ပံ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment