Powered by Blogger.

လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပွဲထွက်လာဖွယ်ရှိတဲ့ ဂန်ဒိုဂန်


ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဒဏ်ရာပြသနာကြောင့်ကာလရှည်ကြာအနားယူခဲ့ရတဲ့ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်ဟာ လာမယ့်စနေနေ့မှာလီဗာပူးနဲ့ကစားရမယ့်ပွဲစဉ်မှာအရန်အဖြစ်ပါဝင်လာနိုင်တယ်လို့သိရပါတယ်။

ဂျာမနီကွင်းလယ်လူဖြစ်တဲ့ ဂန်ဒိုဂန်ဟာမနှစ်ကဒီဇင်ဘာလက ၀က်ဖို့ဒ်နဲ့ပွဲမှာ ဒူးဒဏ်ရာအပြင်းအထန်ရရှိပြီး ၁၀လကြာအောင်အနားယူခဲ့ရတာပါ။

အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ဂန်ဒိုဂန်ဟာ ပြီခဲ့တဲ့တစ်ပတ်က လက်စတာနဲ့မန်စီးတီးလူငယ်အသင်းတို့ပွဲမှာမိနစ် ၆၀ ကြာပါဝင်ခဲ့ပြီးတဲ့နောက် နည်းပြဂွာဒီယိုလာက ကစားသမားရဲ့ကြံခိုင်မှုကိုအားရနေပါတယ်။ဒါပေမယ့် အသင်းကြီးနဲ့ပါဝင်ကစားဖို့တော့ ဆေးအဖွဲ့ရဲကထောက်ခံချက်လိုပါသေးတယ်။သတင်းတွေအရဆေးအဖွဲကလည်းထောက်ခံချက်ပေးဖို့ရှိနေလို့အရန်အဖြစ်ပါလာနိုင်တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment