Powered by Blogger.

လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာဘောလုံးပေးပို့ မူ ၁၀၈ကြိမ်ထိရှိခဲ့တဲ့ မန်စီးတီးနောက်ခံလူဒန်နီလို


ပြီးခဲ့တဲ့နွေရာသီအပြောင်းရွေ့တုန်းက ရီးရဲလ်မက်ဒရစ်အသင်းကနေပြောင်းရွေ့ လာတဲ့ မန်စီးတီးအသင်းရဲ့ နောက်ခံလူဒန်နီလိုဟာ လီဗာပူးအသင်းကို ၅ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘောလုံးပေးပို့မူ ၁၀၈ကြိမ်အထိပြုလုပ်ခဲ့ပြီး အောင်မြင်မူဟာ ၉၃.၉ရာခိုင်နူန်းထိခဲ့ရှိခဲ့တယ်လို့ သိရပါတယ်။ဒန်နီလိုဟာ ဒီအပါတ်ပရီးမီးယာလိဂ်မှာ ဘောလုံးပေးပို့ အကြိမ်အများဆုံးကစားသမားဖြင့် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူဂျွန်စတုန်းကတော့ဘောလုံးပေးပို့ မူ ၉၉ကြိမ်ဖြင့် ဒုတိယနေရာမှာရပ်တည်နေပြီး ကွင်းလယ်လူ ဒေဗစ်ဆေးလ်ဗားနဲ့ ဖာနန်ဒင်ဟိုတို့ က ၉၆ကြိမ်နဲ့ ၇၇ကြိမ်တို့ ဖြင့် မန်စီးတီးအသင်းကစားများကဦးဆောင်ခဲ့ပြီး သူတို့ ရဲ့ နောက်မှာတော့ မန်ယူနောက်ခံလူအဲရစ်ဘိုင်လီက ၇၃ကြိမ်၊  အာဆင်နယ်ကစားသမားမွန်ရီရယ် နဲ့ ကိုစီရယ်နီတို့ က ၆၅ကြိမ်နဲ့ ၆၁ကြိမ်တို့ ဖြစ်ပါတယ်။

မန်စီတီးအသင်းရဲ့ နောက်ခံလူဒန်နီလိုဟာ ဒီရာသီပရီးမီးယာလိဂ်မှာ ဘောလုံးပေးပို့ မူမှာ ၈၈ရာခိုင်နူန်းအထိအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: Squawka
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment