Powered by Blogger.

လာမယ့်အင်္ဂါနေ့မှာ ပြန်လည်တွေ့ မြင်ရတော့မယ့် ချန်ပီယံလိဂ်ညချမ်း



လာမယ့်အင်္ဂါနေ့ညမှာတော့ ဘောလုံးပရိတ်များစောင့်မျှော်အားပေးနေတဲ့ ချန်ပီယံလိဂ်ညချမ်းတွေပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဥရောပထိပ်တန်းလိဂ်ကချန်ပီယံအသင်းတွေယှဉ်ပြိုင်တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာယခုနှစ်ဘယ်အသင်းကဗိုလ်စွဲသွားနိုင်မလဲဆိုတာစောင့်ကြည့်ချင်စရာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာဗိုလ်စွဲနိုင်ရေးအတွက် ငွေအလုံးအရင်းနဲ့ ကမ္ဘာအဆင့်ကစားသမားတွေခေါ်ယူအားဖြည့် ထားတဲ့ ပီအက်စ်ဂျီအသင်းဟာချန်ပီယံလိဂ်မှာဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲဆိုတာစောင့်ကြည့်ခြင်စရာပါဘဲ။ ပြီးခဲ့တဲ့ ရာသီတုန်းကချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း သုံးနှစ်ဆတ်ချန်ပီယံအဖြစ်ခံယူနိင်မလားဆိုတာတော့စိတ်ဝင်းစားစရာကောင်းပါတယ်။

ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကတော့ ရသမျိုးစုံပေးစွမ်းနိုင်ဦးမှာဖြစ်ပြီး အသင်းတိုင်းကငွေကြေးများစွာကုန်ချခံပြီးကစားသမားကောင်တွေခေါ်ယူထားပြီးဘယ်အသင်းကအောင်မြင်မူရယူပေးနိုင်မလဲဆိုတာကိုတော့ရင်ခုန်စွာနဲ့ စောင့်မျော်အားပေးကျရဦးမှာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment