Powered by Blogger.

မန်စီးတီး တိုက်စစ်မှုး Edin Dzeko ကိုဝယ်ယူချင်နေတဲ့ ရိုးမား




စီးရီးအေ ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ရိုးမား အသင်းဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီး အသင်းရဲ့ ကစားသမား Edin Dzeko နဲ့ ပတ်သက်ပြီး ဖြေရှင်းနည်းတွေကို စမ်းသပ်လိုက်ပါပြီ။

မန်စီးတီး အသင်းဟာ သူတို့ အသင်းရဲ့ တိုက်စစ်မှုး Dzeko ကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီဆိုတာကို ရိုးမား အသင်းအနေနဲ့ ခံစားမိသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ Dzeko ဟာ မန်စီးတီး အသင်းကို အပြစ်တင်မှု တွေလုပ်လာလို့ပါ။

အသက် ၂၉ နှစ်အရွယ်ရှိတဲ့ တိုက်စစ်မှုး Dzeko ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ၁၁ ပွဲသာကစားပေးခဲ့ရပြီး ၄ ဂိုး သာ သွင်းပေးနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း Wilfried Bony ကသူ့ရဲ့ နေရာကို ၀င်ယူသွားတာ ခံခဲ့ရပါတယ်။

ရိုးမား အနေနဲ့ ကလည်း စီးရီးအေ မှာ ခေါင်းပြန်ထောင်နိုင်ဖို့အတွက် တိုက်စစ် ကို အရှိန် အဟုန်မြှင့်ဖို့လိုနေပါတယ်။ ရိုးမားရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှုးတွေဖြစ်တဲ့ Adem Ljajic နဲ့ Francesco Totti တို့ ၂ ယောက်လုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် တစ်ယောက် ၉ ဂိုး စီပဲ သွင်းပေးနိုင်ခဲ့ကြပါတယ်။

တစ်ခုရှိတာက မန်စီးတီး အသင်းအနေနဲပလည်း Dzeko ကို ရောင်းဖို့အတွက် ပြောင်းရွှေ့ကြေး များများ တောင်းပါလိမ့်မယ်။ မန်စီးတီး နဲ့ Dzeko ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ကမှ စာချုပ်ချုပ်ခဲ့ကြတာဖြစ်ပြီး စာချုပ်သက်တမ်း ၄ နှစ်တိတိ ကျန်နေပါသေးတယ်။

တစ်ကယ်တော့ Dzeko ကို ၀ယ်ယူချင်နေတာကတော့ ရိုးမား တစ်သင်းထဲမဟုတ်ပါဘူး။ လီဗာပူး ၊ ချဲလ်ဆီး နဲ့ ဂျူဗင်တပ်စ် တို့ကလည်း Dzeko ကို ၀ယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment