Powered by Blogger.

FA ဖလားဖိုင်နယ်မှာ အသုံးပြုဖို့စီစဉ်ထားတဲ့ အက်စတွန်ဗီလာ ပရိတ်သတ်တွေရဲ့ အလံ ပိတ်ပင်ခံရ


ပိတ်ပင်ခံလိုက်ရတဲ့ ဗီလာ ပရိတ်သတ်တွေရဲ့ အလံ ပုံစံငယ်


စနေနေ့မှာ ကျင်းပမယ့် အာစင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလား ဖိုင်နယ် ပွဲစဉ်ဟာ အက်စတွန်ဗီလာ ပရိတ်သတ် တွေအတွက် ကြီးမားတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းကပင် အက်စတွန်ဗီလာ ပရိတ်သတ်တွေဟာ ပရီးမီးယားလိဂ် ပွဲစဉ်များထက် FA ဖလား ပွဲစဉ်တွေကို သာ အာရုံစိုက်နေခဲ့သလို အက်စတွန်ဗီလာ အသင်းရဲ့ နည်းပြ အသစ် Tim Sherwood ကလည်း ဆီမီးဖိုင်နယ် ပွဲစဉ်မှာ လီဗာပူး ကို အနိုင်ရအောင် ကန်ခဲ့ပြီးပါပြီ။

ဒါပေမယ့်လည်း အက်စတွန်ဗီလာ ရဲ့ ပရိတ်သတ် တစ်စုကတော့ ဖိုင်နယ် ပွဲအတွက် မပျော်နိုင်ဖြစ်ခဲ့ရပါပြီ။ ဗီလာ ပရိတ်သတ် တစ်စု စီစဉ်ထားတဲ့ အလံ အကြီးစား ကို FA ဘောလုံးအဖွဲ့အစည်း က အသုံးပြုခွင့်ပိတ်ပင်လိုက်လို့ပဲ ဖြစ်ပါတယ်။

My Old Man လို့နာမည်ပေးထားတဲ့ အက်စတွန်ဗီလာ ပရိတ်သတ် အဖွဲ့တစ်ဖွဲ့ဟာ ရန်ပုံငွေ စတာလင်ပေါင် ၃၀၀၀ ကို အခြား ပရိတ်သတ် တွေထံမှ အလှုခံထားပြီး ပန့်ခ် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Sex Pistols အဖွဲ့ရဲ့ အယ်လ်ဘမ် ကာဗာ ပုံစံအတိုင်း "စိတ်မရှိပါနဲ့ အာစင်နယ် .... အခုဒီမှာ အက်စတွန်ဗီလာ လာနေပါပြီ" ဆိုတဲ့ စာသားပါတဲ့ အလံ တစ်ခုကို ပြုလုပ်ဖို့ စီစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်။

မီတာ ၂၀ ပတ် လည် နဲ့ ထုတ်လုပ်ထားတဲ့ အလံဟာ ၀င်ဘာလေ ကျန်းမာရေး နဲ့ လုံခြုံရေး ဌာန ကို ပို့ဆောင်ခဲ့ရာမှာ အခြား ထိခိုက်စေနိုင်မယ့် ပစ္စည်းတွေ မပါဝင်ပေမယ့်လည်း ဘာကြောင့်မှန်းမသိစွာ နဲ့ပဲ အပိတ်ပင်ခံလိုက်ရပါတယ်။

FA ဘောလုံးအဖွဲ့အစည်းက အက်စတွန်ဗီလာ ပရိတ်သတ် တွေကို ပြန်လည် အကြောင်းပြန်ခဲ့တာကတော့ ထို အလံ မှာ တစ်ဖက် ပြိုင်ဘက် အသင်း အာစင်နယ် ရဲ့ အမည်ကို ထည့်သွင်းရေးသားထားလို့ ပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment