Powered by Blogger.

Angel Di Maria ကို ဘိုင်ယန်မြူးနစ် ခေါ်ယူရန် စိတ်ဝင်စားနေ




ဘိုင်ယန်မြူးနစ် အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက Angel Di Maria ကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် မန်ယူကတော့ Angel Di Maria ကို ၀ယ်ယူတုန်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၉.၇ သန်း ကို ပြန်လိုချင်နေပါတယ်။

အာဂျင်တီးနားတိုက်စစ်မှုး Angel Di Maria ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပီအက်စ်ဂျီ အသင်းနဲ့ အတူ ဘိုင်ယန်မြူးနစ်လည်း ပါဝင်လာပါပြီ။ Angel Di Maria ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ အကောင်အထည်ဖော်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီ ထက်ပမာဏ ပိုများတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

အခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ၀ုဖ်ဘာ့ဂ် အသင်းက Kevin De Bruyne နဲ့ Raheem Sterling တို့ကိုလည်း ခေါ်ယူဖို့ စီစဉ်ထားပါသေးတယ်။

မန်ယူ အသင်းကလည်း မနှစ်ကမှ ရီးရဲမက်ဒရစ်ကနေ စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၉.၇ သန်းနဲ့ ခေါ်ယူပြီး လုံးဝခြေစွမ်းမပြနိုင်သေးတဲ့ Angel Di Maria ကို ပြန်လည်ရောင်းထုတ်ဖို့တော့ ရှာဖွေနေတာ မဟုတ်ပါဘူး။

Di Maria ဟာ မန်ယူအတွက် ၃၂ ပွဲ ကစားပေးခဲ့ရာမှာ ၄ ဂိုးသာ သွင်းနိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ ဗြိတိန် မြေ မှာ ဘ၀ ကို ရုန်းကန်ဖို့ခက်ခဲနေခဲ့ပါတယ်။ မန်ယူ ရဲ့ မန်နေဂျာ Louis Van Gaal ကလည်း FA ဖလားဖိုင်နယ် ပွဲစဉ်မှာ အာစင်နယ်နဲ့ ယှဉ်ပြိုင်တုန်းက Di Maria ရဲ့ ညံ့ဖျင်းလှတဲ့ အနီကဒ် ဖန်တီးခဲ့မှုကြောင့် ၂ လ လောက် အရန်ခုံမှာ ထိုင်စေခဲ့ပြီးပါပြီ။

အသက် ၂၇ နှစ်အရွယ် Di Maria ကို Van Gaal က ပရီးမီးယားလိဂ်နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဟူးလ် အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ပွဲထုတ်ခဲ့ပေမယ့်လည်း ဒဏ်ရာရခဲ့ပြန်တဲ့အတွက် ဘိုင်ယန်မြူးနစ်ကသာ ရီးရဲက ခေါ်ယူခဲ့စဉ်က ငွေကြေးပမာဏ မျိုး နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ မန်ယူအနေနဲ့ ရောင်းထုတ်နိုင်ဖွယ်ရှိနေပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment