Powered by Blogger.

ရီးရဲမက်ဒရစ်ကို David De Gea ပြောင်းရွှေ့ဖို့အတွက် Casillas ထောက်ခံ


စပိန် လက်ရွေးစင် အသင်းမှာတွေ့ရတဲ့ De Gea နဲ့ Casillas

လက်ရှိ ရီးရဲ မက်ဒရစ် အသင်းရဲ့ ဂိုးသမား Iker Casillas ဟာ မန်ယူ ဂိုးသမား David De Gea တစ်ယောက်ရီးရဲ မက်ဒရစ် အသင်းကို ပြောင်းရွှေ့လာဖို့အတွက် ထောက်ခံပေးထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Casillas ဟာ သူနဲ့ ရီးရဲ မက်ဒရစ် ဥက္ကဋ္ဌ Florentino Perez တွေ့ဆုံစဉ်က Perez  က ဘယ်ဂိုးသမား ကို ခေါ်ယူရင်ကောင်းမလဲလို့ Casillas ကို မေးခဲ့ရာမှာတော့ Casillas က မန်ယူဂိုးသမား David De Gea သာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

"ကျွန်တော့် အနေနဲ့ စပိန် ဂိုးသမား ၃ ယောက်ဖြစ်တဲ့ Sergio Rico ၊ Asenjo နဲ့ De Gea တို့ကို ဦးစားပေးခေါ်စေချင်ပါတယ်။  အဲဒီ ၃ ယောက်ထဲကမှ De Gea က မျှော်လင့်ချက်အရှိဆုံးပါပဲ" လို့ Casillas က Perez က ပြောခဲ့တာဖြစ်ပါတယ်။

De Gea ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် စာချုပ်အသစ်ကို ထပ်မံ မချုပ်ဆိုတော့ပဲ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ မက်ဒရစ် မြို့ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။

အမှန်တစ်ကယ်တော့ အသက်၂၄ နှစ်အရွယ် De Gea ဟာ မန်ယူရဲ့ တစ်ပတ်လုပ်အားခ စတာလင်ပေါင် ၂၀၀,၀၀၀ နဲ့ စာချုပ် အသစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှု ကို ပယ်ချ ခဲ့သည့်တိုင်အောင် မန်ယူ အသင်းမှာ ၁၃ လ စာချုပ် သက်တမ်းကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် လက်ရှိ စပိန်လက်ရွေးစင် ဂိုးသမား Casillas ကတော့ De Gea ကို ကြိုဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က အက်သလက်တီကို မက်ဒရစ်ကနေ မန်ယူ အသင်းကို စတာလင်ပေါင် ၁၇.၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ ဈေးအကြီးဆုံး ဂိုးသမား ဖြစ်ခဲ့တဲ့ De Gea ဟာ အိုးထရက်ဖို့ဒ် ကွင်းက အတွေ့အကြုံတွေကြောင့် ရီးရဲမက်ဒရစ် ကို ရောက်လာရင်လည်း လက်စွမ်းပြနိုင်လိမ့်ဦးမယ်လို့ Casillas က ယုံကြည်ထားပါတယ်။

အသက် ၃၄ နှစ်အရွယ် Casillas က De Gea နဲ့ စပိန်လက်ရွေးစင် အသင်းမှာ ရော ရီးရဲမက်ဒရစ် အသင်းမှာ ပါ ကစားဖော်ဖြစ်ချင်နေပေမယ့်လည်း လာမယ့် ဘောလုံးရာသီမှာတော့ သူ့အနေနဲ့ အရန်ခုံမှာ ထွက်ထိုင်ဦးမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုထားပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment