Powered by Blogger.

ရီးရဲတိုက်စစ်မှုး Benzema ကို စတာလင်ေပါင် သန်း၄၀ နဲ့ ခေါ်ယူဖို့ မန်ယူ ကမ်းလှမ်း




မန်ချက်စတာယူနိုက်တက် အသင်းဟာ ရီးရဲမက်ဒရစ်တိုက်စစ်မှုး Karim Benzema ကို ခေါ်ယူဖို့အတွက် ငွေကြေးအင်အား အမြောက်အများ သုံးပြီး ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ Louis van Gaal ဟာ နောက်နှစ်ချန်ပီယံလိဂ်လည်း ၀င်ခွင့်ရထားတဲ့အတွက် သူ့ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိ မန်ယူရဲ့ တိုက်စစ်မှာ အနည်းငယ်လိုအပ်ချက်တွေရှိလာပါတယ်။ မိုနာကို အသင်းကနေ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ Radamel Falcao ကိုလည်း အသင်းရဲ့ အမြဲတမ်းကစားသမားတစ်ယောက်ဖြစ်လာဖို့ စာချုပ်ထပ်မချုပ်တော့သလို လက်ရှိတိုက်စစ်မှုး Robin Van Persie ဟာလည်း ကျန်းမာရေး အခြေအနေမှာ ရုန်းကန်နေရပါတယ်။

ဒါကြောင့် The Sun သတင်းဌာန ကလည်း အခိုင်အမာဖော်ပြခဲ့တာကတော့ Benzema ဟာ Van Gaal ရဲ့ ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

Benzema ဟာ လိုင်ယွန် အသင်းကနေ ရီးရဲမက်ဒရစ် အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင်ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီကပဲ ရီးရဲမက်ဒရစ် အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ Benzema ဟာ Sir Alex Ferguson မန်ယူနည်းပြ အဖြစ်ဆောင်ရွက်နေစဉ်ကတည်းက မန်ချက်စတာယူနိုက်တက် ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

အခု တစ်ကြိမ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက Benzema ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Carlo Ancelotti ရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ ရီးရဲမက်ဒရစ် နည်းပြသစ် Rafael Benitez ကလည်း နောက်နှစ်ဘောလုံးရာသီမှာ ရီးရဲ အသင်းကို Gareth Bale နဲ့ C.Ronaldo တို့ကို ဗဟိုပြုတဲ့ ကစားကွက် ကို အသုံးပြုမယ်လို့ ဆိုထားတဲ့အတွက် Benzema ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

Benzema ကို တော့တင်ဟမ် ၊ ၀က်စ်ဟမ်း ၊အဲဗာတန်နဲ့ ဗလင်စီယာ အသင်းတို့ကလည်းခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment