ရိုးမားကိုရှုံးတဲ့ပွဲစဉ်အပြီးမှာ လာဇီယို ပရိတ်သတ်တွေ သောင်းကျန်း
အီတလီ စီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ လာဇီယို အသင်းရဲ့ ပရိတ်သတ်တွေဟာ မြို့ခံပြိုင်ဘက် ရိုးမား အသင်းကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆိုးရွားစွာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
ရိုးမား အသင်းဟာ Mapou Yanga Mwiba ရဲ့ နောက်ကျဂိုးနဲ့ လာဇီယို အသင်းကို အနိုင်ရပြီးတဲ့နောက်မှာ နောက်နှစ်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ၀င်ခွင့်ကို ရရှိသွားတဲ့အတွက် နေရာဖယ်ပေးလိုက်ရတဲ့ လာဇီယို ပရိတ်သတ်တွေက သောင်းကျန်းခဲ့တာပဲဖြစ်ပါတယ်။ လာဇီယို အသင်းမှာ နောက်ဆုံးမျှော်လင့်ချက် အနေနဲ့ တစ်ပွဲသာ ကစားဖို့ ကျန်တော့တာ ဖြစ်ပါတယ်။
Olimpico ကွင်းကြီးရဲ့ အပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ ပြသနာကတော့ ထိုပွဲစဉ်ရဲ့ ပွဲသိမ်း ခရာမှုတ်အပြီးမှာ ပရိတ်သတ်တွေကို ရဲတွေဆီကို ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲအရာရှိတွေကလည်း မျက်ရည်ယို ဗုံးတွေ ပြန်လည် ပစ်ခတ်ခဲ့ရတာပဲဖြစ်ပါတယ်။
လာဇီယို အနေနဲ့ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ နောက်တစ်ပတ်မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကလည်း Rafael Benitez ကိုင်တွယ်နေတဲ့ စီးရီးအေမှာ ခြေအစွာဆုံး နာပိုလီ အသင်းပဲ ဖြစ်နေပါတယ်။
" ၅ ရက်အတွင်းမှာ ကျွန်တော်တို့ မရှုံးသင့်ပဲ ၂ ပွဲ ရှုံးခဲ့ရတယ်။ ဒါတွေဟာ ထိခိုက်မှုရှိခဲ့တဲ့ အရှုံးတွေပါ။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှု ကို ပြသပြီး လိုအပ်တာတွေကို လုပ်ရပါတော့မယ်"လို့ လာဇီယို အသင်းရဲ့ နည်းပြ Stefano Pioli က Coppa Italia ဖိုင်နယ်ပွဲစဉ်မှာ ဂျူဗင်တပ်စ် အသင်းကို ပါရှုံးနိမ့်ခဲ့တဲ့အတွက် အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
( Mario )
Ref : Mirror
0 comments :
Post a Comment