Powered by Blogger.

ရာထူးမှ ဖယ်ရှားခံလိုက်ရတဲ့ ရီးရဲမက်ဒရစ် မန်နေဂျာ Ancelotti




ရီးရဲမက်ဒရစ် အသင်းဟာ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ အဓိက အောင်မြင်မှုတွေ တစ်ခုမှ မရခဲ့တဲ့နောက်မှာ မန်နေဂျာ Carlo Ancelotti ကို ရာထူးမှ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

Ancelotti ဟာ ရီးရဲ မက်ဒရစ် အသင်းကို မနှစ်က ၁၀ ကြိမ်မြောက် ဥရောပ ဖလား ကို ဆွတ်ခူးစေခဲ့ပေမယ့် ဒီနှစ်မှာတော့ လာလီဂါ မှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ပြီး ဖလားနဲ့ လွဲချော်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဂျူဗင်တပ်စ် အသင်း ကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Florentino Perez က တနင်္လာနေ့ကပဲ အေစီ ၊ ချဲလ်ဆီး နဲ့ ပီအက်စ်ဂျီ တို့ရဲ့ မန်နေဂျာဟောင်း Ancelotti ကို ခေါ်ယူကာ စာချုပ်အရ တစ်နှစ်သက်တမ်း ကျန်နေသေးပေမယ့် သူ့ရဲ့ ၀န်ဆောင်မှု တွေကို ထပ်မံ မလိုအပ်တော့ဘူး လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

"ကျွန်တော် အားလုံးကို အသိပေးချင်တာကတော့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ Carlo Ancelotti ကို ရီးရဲမက်ဒရစ် နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပါပြီ။ Ancelotti ဘာမှားခဲ့လဲ? ဒါတော့ ကျွန်တော်လည်း မသိပါဘူး။ သူ့ကိုအလုပ်ထုတ်ဖို့ ရီးရဲမက်ဒရစ် အသင်းရဲ့ ထောက်ခံမှုတွေကတော့ အရမ်းများနေပါတယ်။" လို့ Florentino Perez က သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

Ancelotti ဟာ ဘာနေဗျူးကို ပထမဆုံး ရောက်ရှိခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား နဲ့ Copa del Rey ဖလားတို့ကို ရယူပေးနိုင်ခဲ့သလို ၂၀၁၄ မှာလည်း UEFA Super Cup ကိုလည်း ၄ ကြိမ်မြောက် ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Florentino Perez ရဲ့ ရီးရဲမက်ဒရစ် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့တဲ့ ၁၂ နှစ်ကြာ သက်တမ်းမှာ နည်းပြ ၉ ယောက်တိတိ ကို ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။

Ancelotti ရဲ့နေရာကို ယူနိုင်မယ့် မန်နေဂျာ တွေကတော့ လက်ရှိ နာပိုလီ အသင်းရဲ့ မန်နေဂျာ Rafael Benitez ၊ ဒေါ့မွန်က ထွက်ခွာလာတဲ့ Jurgen Klopp နဲ့ ရီးရဲမက်ဒရစ် လူငယ်အသင်းနည်းပြ Zinedine Zidane တို့က ရေပန်းစားနေပြီး Perez ရဲ့ပြောကြားချက်အရတော့ Rafael Benitez ကို တရားဝင် ကမ်းလှမ်းထားပြီး နောက်တစ်ပတ်မှာ အကြောင်းပြန် လိမ့်မယ်လို့ ဆိုပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment