Powered by Blogger.

ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတဲ့ Radamel Falcao




မိုနာကို အသင်းကနေ မန်ယူ အသင်းကို အငှားချထားတဲ့ ကစားသမား Radamel Falcao ဟာ ချဲလ်ဆီး အသင်းမှာ ပြောင်းရွှေ့ကစားလိုတဲ့ ဆန္ဒရှိနေပါတယ်။

မတ်လကတည်းက သတင်းတွေထွက်ပေါ်ခဲ့တာကတော့ ကိုလံဘီယာ နိုင်ငံသား Falcao ဟာ ပရီးမီးယားလိဂ် မှာ ဆက်လက်နေလိုတဲ့ ဆန္ဒရှိနေပြီး လန်ဒန် မြို့က ကလပ်တစ်ခုမှာ ကစားချင်တယ်လို့လည်း ဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကလည်း အငှားစာချုပ် သက်တမ်းပြည့်သွားပြီဖြစ်တဲ့ Falcao ကို ၀ယ်ယူ စာချုပ် ချုပ်ဆိုဖို့ အစီအစဉ်မရှိတဲ့အတွက် Falcao ရဲ့ ကိုယ်စားလှယ်တွေဟာ ချဲလ်ဆီး နဲ့ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူအသင်းမှာတုန်းက တစ်ပတ်လုပ်အားခ စတာလင်ပေါင် ၄၃၂၀၀၀ ရခဲ့တဲ့ Falcao အတွက် ချဲလ်ဆီး နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပါက မိခင်ကလပ် မိုနာကို မှာရတဲ့ လုပ်အားခ အတိုင်း တစ်ပတ်ကို စတာလင်ပေါင် ၂၆၅၀၀၀ သာ ပေးဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Falcao နဲ့ ပတ်သက်ပြီးတော့ အာစင်နယ်ကလည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ စိတ်ဝင်စားမှု ကို ပြသခဲ့ဖူးသလို အခြား ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ တော့တင်ဟမ် နဲ့ လီဗာပူး တို့ကလည်း စိတ်ဝင်စားကြောင်းပြသခဲ့ဖူးပါတယ်။

ဒူးခေါင်းဒဏ်ရာရရှိခဲ့မှုကြောင့် မနှစ်က ကမ္ဘာ့ဖလား ယှဉ်ပြိုင်ဖို့ လွဲချော်ခဲ့ရတဲ့ အသက် ၂၉ နှစ် အရွယ် Falcao ဟာ တိုက်စစ်မှုးကောင်း Didier Drogba မရှိတော့လို့ အရန် လူတွေ လိုအပ်နေတဲ့ ချဲလ်ဆီး အသင်းရဲ့ စိတ်ဝင်စားမှုကိုတော့ ခံနေရပါတယ်။ Falcao ရဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ Jorge Mendes ကလည်း ချဲလ်ဆီး အသင်းနဲ့သာ စာချုပ်ချုပ်နိုင်ဖို့အတွက် အနီးကပ်ဆွေးနွေးမှု ပြုလုပ်နေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment