Powered by Blogger.

Jurgen Klopp တစ်ယောက် လီဗာပူး အသင်းရဲ့ မန်နေဂျာ ဖြစ်လာတော့မှာလား?


ဒေါ့မွန် မန်နေဂျာ Jurgen Klopp


ဘောလုံးပွဲတွေအကြောင်း ခန့်မှန်းသူတွေဟာ Jurgen Klopp ကို လီဗာပူးအသင်းရဲ့ မန်နေဂျာ အသစ်ဖြစ်လာဖို့ မနေ့က ခန့်မှန်းပြောဆိုလိုက်ကြပါတယ်။

ရေပန်စားနေတဲ့ ဂျာမန်နိုင်ငံသား မန်နေဂျာ Jurgen Klopp ဟာ ဒေါ့မွန်အသင်းကို ဘွန်ဒက်လီဂါ အမှတ်ပေးဇယား အောက်ခြေကနေ Europa League ထိ ရောက်အောင် ပို့ပေးနိုင်ခဲ့သူ ပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဒေါ့မွန် အသင်းက ထွက်ခွာလာပြီဖြစ်တဲ့ Jurgen Klopp ဟာ တစ်ခြား အသင်းတွေ ကို ပြောင်းရွှေ့ဖို့စကားမဆိုသေးပေမယ့်လည်း လီဗာပူး အသင်းက ဆက်သွယ်ထားတယ်လို့တော့ သိရပါတယ်။ 

အဲဒီလို ခန့်မှန်းမှုတွေဟာ လက်ရှိ လီဗာပူး အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ Brendan Rodgers အတွက်တော့ အနာဂတ် မရေရာ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုင်းရစ်လူမျိုး မန်နေဂျာ Brendan Rodgers ကတော့ ဒီတစ်ပတ်ပဲ ထုတ်ဖော်ကြေညာလိုက်တာကတော့ နောက်နှစ်ဘောလုံးရာသီမှာ လီဗာပူး အသင်းရဲ့ မန်နေဂျာ အဖြစ်ဆက်လက် လုပ်ကိုင်ဖို့ ၁၅၀ ရာခိုင်နှုန်းသေချာတယ်လို့ ဆိုလိုက်ပါတယ်။

Brendan Rodgers ဟာ လီဗာပူး အသင်းကို ထိပ်သီး ၄ သင်း ထဲ ၀င်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် မနေ့ညက စတုတ်စီးတီး ကို ၆ဂိုး - ၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကြောင့်လည်း မေးခွန်းများစွာ ကို ရင်ဆိုင်နေရပါတယ်။ 

"ထပ်ပြောပါမယ်။ နောက်နှစ်မှာ လက်ရှိနိုင်ပွဲတွေထက်ပိုများတဲ့ နိုင်ပွဲတွေရရှိဖို့နဲ့ အတွေ့အကြုံတွေအတွက် ကျွန်တော်ဟာ ပိုကောင်းမွန်တဲ့ မန်နေဂျာ တစ်ယောက်ဖြစ်လာမှာပါ" လို့ Brendan Rodgers ကဆိုပါတယ်။

လီဗာပူး အသင်းရဲ့ ဒါရိုက်တာ Mike Gordon နဲ့ အတူနောက်တစ်ပတ်မှာ Brendan Rodgers ဟာ အစည်းအဝေးတစ်ခု ပြုလုပ်ပြီး အသင်းရဲ့ တည်ဆောက်ပုံ တွေကို ပြန်လည် ဆွေးနွေးကြဦးမှာပါ။ ထို အစည်းအဝေးမှာတော့ အသင်းရဲ့ တွဲဖက်ပိုင်ရှင်တွေဖြစ်တဲ့ John Henry နဲ့ Tom Werner တို့ ကိုလည်း Rodgers အနေနဲ့တွေ့ဆုံရဦးမှာပါ။ ထို အစည်းအဝေးပြီးရင်တော့ ဘာတွေ အပြောင်းအလဲဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment