ချဲလ်ဆီးအသင်း ဖလားကိုင်မြှောက်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ပွဲစဉ်များရလဒ်
ချဲလ်ဆီး အသင်းအတွက်တော့ ဒီ အောင်ပွဲ ဟာ နှုတ်ဆက်ပွဲ တစ်ခုလိုပါပဲ။
မကြာခင်မှာ ချဲလ်ဆီး အသင်းရဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျ ကွင်းကြီးကို စွန့်ခွာသွားကြတော့မယ့် Didier Drogba နဲ့ Petr Cech တို့အတွက်တော့ မနေ့ က နောက်ဆုံဒအနေနဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ချဲလ်ဆီး အသင်းသားများနဲ့ အတူ ကိုင်မြှောက်ခွင့်ရလိုက်ပါတယ်။
အမှတ်ပေးဇယားမှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို အနိုင်ရပြီးကတည်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးသား ချဲလ်ဆီး အသင်းဟာ ပရီးမီးယား လိဂ် ရဲ့ နောက်ဆုံးပွဲစဉ်အနေနဲ့ မနေ့ညက ဆန်းဒါးလန်း အသင်းကို ၃ဂိုး - ၁ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။ Diego Coasta နဲ့ L.Remy တို့က ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
အာစင်နယ် ၊ နယူးကာဆယ် ၊ မန်စီးတီး ၊ လန်ချက်စတာစီးတီး နဲ့ တော့တင်ဟမ် စပါး အသင်းတို့ အသီးသီးအနိုင်ရခဲ့ကြတဲ့ မနေ့ညက ပရီးမီးယား လိဂ်နောက်ဆုံး ပွဲစဉ်မှာ မန်ယူ အသင်းကတော့ ဟူးလ်စီးတီး အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။
အဆိုးဆုံးက လီဗာပူးအသင်းဖြစ်ပြီး စတုတ်စီးတီး အသင်းကို ၆ဂိုး - ၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားရဲ့ နံပါတ် ၅ နေရာက နေဖယ်ပေးလိုက်ရပြီး နံပါတ် ၆ နေရာကို ရောက်ရှိသွားခဲ့ရပါတယ်။
( Mario )
Ref : Mirror
0 comments :
Post a Comment