Powered by Blogger.

အာစင်နယ် အသင်းရဲ့Aaron Ramsey ကို စတာလင်ပေါင် သန်း ၅၀ နဲ့ ခေါ်ယူဖို့ ဘာစီလိုနာစီစဉ်




ဘာစီလိုနာ အသင်းဟာ အာစင်နယ် အသင်းရဲ့ အလယ်တန်းကစားသမား Aaron Ramsey ကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လာလီဂါ ချန်ပီယံ ဘာကာသားတွေဟာ လောလောဆယ်မှာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဘယ် ကစားသမား နဲ့မှ စာချုပ်ချုပ်ဆိုခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီလို ပိတ်ပင်ထားခြင်းက ဘာစီလိုနာရဲ့ ထုံးစံကိုတော့ တားလို့မရပါဘူး။

ဂန်းနား ကစားသမား Ramsey ကို ဘာစီလိုနာက စတာလင်ပေါင် သန်း ၅၀ နဲ့ စာချုပ်ချုပ် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နျူးကမ့်ကွင်းကလည်း Ramsey ကိုလိုအပ်နေပါတယ်။ လက်ရှိ ဘာကာအသင်းရဲ့ အလယ်တန်းကို ကိုင်တွယ်နေတဲ့ Xavi ဟာလည်း ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားပြီးဖြစ်နေပါပြီ။

ဘာစီလိုနာမှာ ဆီဗီလာ အသင်းက ပြောင်းရွှေ့လာတဲ့ Ivan Rakitic နဲ့တင်မလုံလောက်နိုင်ပဲ Luis Enrique ဟာ Ramsey ကို သူ့ရဲ့ ကစားကွက် ထဲမှာ တိုက်စစ်ကို ပံ့ပိုးတဲ့ နေရာက ထည့်သွင်းချင်နေပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီနှစ်အတွင်းမှာတင် Ramsey ကိုခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ပြီး အသက် ၂၄ နှစ်အရွယ် Ramsey က တော့ Emirates ကွင်းကြီးမှာ ၄ နှစ်စာချုပ် သက်တမ်း ကျန်နေပါသေးတယ်။ ဒါ့အပြင် Arsene Wenger ကလည်း သူ့ရဲ့ အားထားရတဲ့ အလယ်တန်း ကစားသမား ကို ရောင်းချင်မှာ မဟုတ်ပါဘူး။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment