Powered by Blogger.

အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ Jose Mourinho






လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ ကြီး Jose Mourinho ဟာလည်း ဒီနှစ် ဘောလုံးရာသီအတွက် Barclay Premier League က ပေးအပ်တဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာကြီးဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို ပြန်ရောက်လာတဲ့ ဒုတိယအကြိမ်မြောက် ဘောလုံးရာသီဖြစ်တဲ့ ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ်ရော League Cup ချန်ပီယံ အဖြစ် ပါ စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အခုလို သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီသားကြီး Mourinho ဟာ ဆောက်သမ်ပတန် အသင်းရဲ့ Ronald Koeman ၊ Swansea ရဲ့ Garry Monk ၊ Leicester ရဲ့ Nigel Pearson နဲ့ အာစင်နယ် ရဲ့ Arsene Wenger တို့ကို ကျော်ဖြတ်ပြီး ဒီ ဆု ကိုရခဲ့တာလည်းဖြစ်ပါတယ်။

တစ်ကယ်တော့ Mourinho ဟာ ဒီနှစ် ၂၀၁၄-၁၅ ဘောလုံးရာသီအတွင်း တစ်လ မှ Manager of the Month ဆုကိုရခဲ့တာ မရှိပါဘူး။

"ဘောလုံး အားကစားမှာ ပြသနာကတော့ ကိတ်မုန့်တစ်ခုစားနေရင်းနဲ့ နောက်တစ်ခုအကြောင်းတွေးနေတတ်တာပါပဲ။ အဲဒါက ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ အဲဒီကိတ်မုန့်ကို အရမ်းနှစ်သက်ပါတယ်။ ၂၀၀၅-၀၆ ကတည်းက ကျွန်တော် နောက်ဆုံးစားခဲ့ရတာပါ။ အင်္ဂလန်ကို ပြန်လာပြီး နောက်တစ်ကြိမ် အောင်မြင်ရတာဟာ အရမ်းဆန်းကြယ်တဲ့ ခံစားမှုမျိုးပါပဲ " လို့ Mourinho ကဆိုပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်ခဲ့သူကတော့ ချဲလ်ဆီး က Eden Hazard ပဲဖြစ်ပါတယ်။ Hazard ဟာ the Football Writers' Association award ကိုလည်း ရရှိထားသူဖြစ်ပြီး ဒီနှစ် ပရီးမီးယားလိဂ်မှာ အသင်းအတွက် ၁၄ ဂိုးတိတိသွင်းယူထားပြီး ဖြစ်ပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment