Powered by Blogger.

လူငယ်ခြေတက်လေး Jordon Ibe ကို လီဗာပူးအသင်း စာချုပ်အသစ်ချုပ်ဆို




လီဗာပူး အသင်းဟာ လူငယ်ကစားသမား Raheem Sterling ကို စာချုပ်ချုပ်ဖို့ အဆင်မပြေဖြစ်နေတဲ့အချိန်မှာပဲ အသင်းရဲ့ လူငယ်ခြေတက် ကစားသမား ၂ ဦး ဖြစ်တဲ့ Jordon Ibe နဲ့ Jon Flanagan တို့ကို စာချုပ် အသစ်တွေ ချုပ်ဆိုလိုက်ပါတယ်။

Jordon Ibe ဟာတော့ ၂၀၁၁ခုနှစ်မှာ လီဗာပူး ဘောလုံး အကယ်ဒမီ ကျောင်းကိုရောက်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး စီနီယာ ဘောလုံး ကစားသမား ဘ၀ မှာတင် ခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

"ကျွန်တော် အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ ပြီးဆုံးသွားတဲ့အတွက်လည်း ကျွန်တော် ပျော်ပါတယ်။ နောက်နှစ်ဘောလုံးရာသီမှာ ကျွန်တော်စပြီ ခြေစွမ်းပြချင်ပါတယ်" လို့ လီဗာပူးအသင်းရဲ့ ၀က်ဘ်ဆိုက်ကို Ibe က ပြောခဲ့ပါတယ်။

မန်နေဂျာ ဖြစ်တဲ့ Brendan Rodgers ကလည်း Ibe ရဲ့ ခြေစွမ်းနဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးစကားများဆိုခဲ့ပြီး Ibe ဟာ လီဗာပူး နဲ့ စာချုပ်ချုပ်ဖို့ ထိုက်တန်သူတစ်ယောက်ဖြစ်တယ်လို့လည်း Brendan Rodgers ကဆိုပါတယ်။

Jon Flanagan ကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် အနားယူနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့ မန်နေဂျာ ကြောင့် ကံကောင်းစွာနဲ့ စာချုပ်အသစ်ချုပ်ဆိုခွင့်ရခဲ့တာပါ။

" သူဒဏ်ရာမရခင်ကတည်းက သူနဲ့ စာချုပ်အသစ်ချုပ်ဖို့ပြောထားပြီးသားပါ။ သူ့ရဲ့ ကိုယ်စားလှယ်နဲ့ ကလပ် အသင်းနဲ့ ဟာလည်း ဆွေးနွေးစကားပြောနေပါပြီ။ ဒီနှစ်နွေရာသီမှာပဲ ပြီးစီးသွားမှာပါ။ သူဟာ ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့သူပါ" လို့ Brendan Rodgers ကဆိုပါတယ်။

လီဗာပူး အသင်းရဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ Flanagan ဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိထားတာ မှန်ပေမယ့်လည်း မကြာခင်မှာပဲ ပြန်လည်ကောင်းမွန်လာတော့မယ်လို့ အခိုင်အမာဆိုထားပါတယ်။

Ref: Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment