Powered by Blogger.

မန်ယူကို Mats Hummels ပြောင်းမှာ မဟုတ်




ဂျာမနီ နိုင်ငံသား Mats Hummels ဟာ ဒီနှစ်နွေရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။

ဒီ မက်ဆေ့ဂ်ျကိုတော့ ဒေါ့မွန် အသင်းရဲ့ အားကစား ဒါရိုက်တာ Michael Zorke က ပြောခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ လက်ရွေးစင် အသင်းသား Mats Hummels ဟာ နောက်နှစ်ဘောလုံးရာသီအတွက် ဂျာမန်ဘွန်ဒက်လီဂါ မှာ ဒေါ့မွန် အသင်းအတွက် အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတယ်လို့ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ခံလူ Mats Hummels ကို အိုးထရက်ဖို့ဒ် အသင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး အခုထွက်လာတဲ့ သတင်းကတော့ မန်ယူ မန်နေဂျာကြီး Louis Van Gaal တစ်ယောက် စိတ်ကူးယဉ်ထားတဲ့ ကစားကွက် အသစ်ကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ပါတယ်။

" Mats ဟာ သူ့ရဲ့ အနာဂါတ် အတွက် စဉ်းစားနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သူ့ကို ကျွန်တော်တို့ရဲ့ စီမံကိန်းပဲ ပြခဲ့ပါတယ်။ အဲဒါ သူ့အတွက် အနာဂါတ်ပါပဲ " လို့ Michael Zorke ကဆိုပါတယ်။

တစ်ကယ်တော့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လည်း တစ်ကယ်ရှာဖွေဖို့ လိုအပ်နေတာက ဗဟိုနောက်ခံလူပါ။

Marcos Rojo ၊ Johnny Evans ၊ Phil Jones ၊ Paddy McNair ၊ Tyler Blackett နဲ့ Chris Smalling တို့အားလုံးကို ဒီနှစ်ဘောလုံးရာသီမှာ ဟော်လန် မန်နေဂျာ ကြီးက ဗဟိုနောက်ခံလူ အဖြစ် ထားပြီး ကစားခဲ့ဖူးပေမယ့်လည်း အသင်းမှာ မရှိတော့တဲ့ Rio Ferdinand နဲ့ Nemanja Vidic တို့လောက် အသုံးမ၀င်ခဲ့ပါဘူး။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment