Powered by Blogger.

နောက်နှစ်ချန်ပီယံဖြစ်ဖို့ မန်ယူ အနေနဲ့ ကစားသမား ၅ ယောက်ခေါ်ဖို့လိုတယ်လို့ Paul Scholes ဆို




မန်ယူ ကစားသမားဟောင်း Paul Scholes က မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ နောက်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့အတွက် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား အသစ် ၅ ယောက် ခေါ်ယူဖို့ လိုအပ်လိမ့်မယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

အရင်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အလယ်တန်း ကစားသမားတစ်ယောက် အဖြစ် အောင်မြင်စွာ ကစားခဲ့ဖူးသူ Paul Schoels ရဲ့ ထင်မြင်ချက်အရတော့ မန်ယူ ရဲ့ မန်နေဂျာ Louis Van Gaal အနေနဲ့ နောက်တန်းကစားသမား ၂ ယောက် ၊ အလယ်တန်းကစားသမား ၁ ယောက် ၊ တိုက်စစ်မှုး ၁ ယောက်နဲ့ David De Gea သာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့မယ်ဆိုပါက ဂိုးသမား ၁ ယောက် ၊ စုစုပေါင်း ကစားသမား ၅ ယောက် လိုအပ်လိမ့်မယ်လို့ ထင်မြင်ယူဆထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိမှာ နွေရာသီ အပြောင်းအရွှေ့ကာလအတွက် ပီအက်စ်ဗွီ အသင်းက Memphis Depay ကို ခေါ်ယူဖို့ လုပ်ဆောင်ပြီးဖြစ်နေပေမယ့်လည်း Paul Scholes ကတော့ မန်ယူ ဟာနောက်နှစ် ချဲလ်ဆီးလက်ထဲက ပရီးမီးယားလိဂ် ဖလားကို ပြန်လည် ရယူဖို့အတွက် Van Gaal အနေနဲ့ ငွေကြေးမြောက်များစွာ အကုန်အကျခံ သင့်သေးတယ်လို့ ဆိုပါတယ်။

"မန်ယူ အသင်းနဲ့ အသင်းကြီးတွေယှဉ်ပြိုင်တဲ့ပွဲစဉ်တွေကို ကြည့်လိုက်ရင် ခြေက သိပ်မကွာပါဘူး။ သူတို့ဟာ အငသင်းကြီးတွေထက် ကောင်းအောင်ကစားနိုင်ပါတယ်။ ထိုခြေစွမ်းမျိုးနဲ့ အမှတ်ပေးဇယားရဲ့ အလယ်နဲ့ အောက်ခြေက အသင်းတွေကို ယှဉ်ပြိုင်နိုင်မယ်ဆိုရင် သူတို့မှာ အခွင့်အရေးရှိမှာပါ" လို့ Paul Scholes ကဆိုပါတယ်။

ဒါ့အပြင် မန်ယူ အသင်းဟာ ထိပ်ဆုံးမှာ ရှိနေတဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာစီးတီးတို့ထက် များစွာ ကွာခြားနေပြီး အာစင်နယ် ကိုသာ ဂရုစိုက်စရာ မလိုတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ထိပ်ဆုံး ၂ သင်းကို အမှီလိုက်နိုင်ဖို့ ကစားသမားအသစ်တွေ လိုအပ်နေတယ်လို့ Paul Scholes က ဆိုပါသေးတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment