Powered by Blogger.

မန်ယူအသင်းသားတွေအတွက် Louis Van Gaal အမှတ်တရ မိန့်ခွန်းပြော




မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မန်နေဂျာ Louis Van Gaal က အိုးထရက်ဖို့ဒ် ကွင်းမှာ ပြုလုပ်တဲ့ မန်ယူ အသင်းရဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး ကစားသမား ဆုပေးပွဲ အခမ်းအနားမှာ အမှတ်တရ မိန့်ခွန်းပြောခဲ့ပါတယ်။

Van Gaal က ဒီနှစ်ဘောလုံးရာသီ မှာ မန်ယူအသင်းဟာ ချန်ပီယံ ချဲလ်ဆီး အသင်းကို အမှီလိုက်နိုင်ခဲ့ပြီး နောက်နှစ်ဘောလုံးရာသီမှာတော့ ချန်ပီယံ ဖြစ်သည်အထိ နီးစပ်လာနိုင်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

ထို အခမ်းအနားမှာတော့ မန်ယူ အသင်းက မကြာခင်မှာ ထွက်ခွာတော့မယ့် ဂိုးသမား David De Gea ဟာ အသင်းကပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရော ၊ ပရိတ်သတ်တွေပေးတဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး ကစားသမား အဖြစ်ပါ ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဒီနှစ် ၂၀၁၄-၁၅ ဘောလုံးရာသီမှာမှ မန်ယူအသင်းရဲ့ မန်နေဂျာ စတင်ဖြစ်လာတဲ့ Van Gaal က " ဘောလုံးရာသီတစ်ဝက်ကို ဆက်လက် ကိုင်တွယ်ဖို့က အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမယ့် သင်ဟာ ၁၀ ပွဲ ကစားပြီး ၁၃ မှတ် ရထားတဲ့ ကမ္ဘာ့နာမည်ကြီး ကလပ် အသင်းတစ်သင်းမှာ မန်နေဂျာဖြစ်လာတယ်။ ကျွန်တော်လည်း လူသားတစ်ယောက်ပဲ။ ကျွန်တော့်မှာလည်း အခြား ကလပ်တွေက အတွေ့အကြုံတွေရှိတယ်။ ပရိတ်သတ်တွေက ကျွန်တော့်ကို ပံ့ပိုးပေးခဲ့တယ်။ ပြီးတော့ ၀န်ထမ်းတွေ။ အထူးသဖြင့်ကစားသမားတွေရဲ့ အူအညီကြောင့် ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ " လို့ အမှတ်တရ မိန့်ခွန်းပြောခဲ့ပါတယ်။

ဒါ့အပြင် Van Gaal က အသင်းအနေနဲ့ ကစားသမားတွေကို ယုံကြည်ဖို့လိုအပ်ကြောင်း ၊ အသင်းခေါင်းဆောင် Wayne Rooney နဲ့ ကစားသမားတွေတွေ့ဆုံတဲ့နေ့ကလည်း အသင်းအနေနဲ့ ချန်ပီယံ မဟုတ်ရင်တောင် ဒုတိယ နေရာတော့ရ ရမယ် လို့ Rooney ကဆိုခဲ့တာကို အမှတ်ရမိကြောင်းနဲ့ FA ဖလားဖိုင်နယ်မှာ အာစင်နယ် အသင်းကို ရှုံးခဲ့ပေမယ့် မန်ယူ က ကစားကွက်ပိုသာခဲ့ကြောင်းတွေကိုလည်း မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် Van Gaal က သူတို့အသင်းရဲ့ အခမ်းအနားမှ ဆက်ဆိုဖုန်းတီးပေးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်တဲ့ အကြောင်းတွေကို စင်ပေါ်ကဆင်းပြီးတော့မှ နောက်တစ်ကြိမ် စင်ပေါ်ပြန်တက်ပြီး ပြောသွားပါသေးတယ်။

Ref : Mirror 

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment