Powered by Blogger.

Petr Cech ကို စတာလင်ပေါင် ၁၀ သန်းနဲ့ခေါ်ယူဖို့ အာစင်နယ် စီစဉ်




အာစင်နယ်အသင်းဟာ ဂိုးသမား Petr Cech  ခေါ်ယူဖို့အတွက် ချဲလ်ဆီးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနေပြီဖြစ်ပါတယ်။

အမှန်တစ်ကယ် ကတော့ Petr Cech ကိုခေါ်ယူနိုင်ဖို့ကြိုးစားနေတာဟာ အာစင်နယ် တစ်သင်းတည်းမဟုတ်ပဲ ပြင်သစ် ချန်ပီယံ ပီအက်စ်ဂျီ အသင်း လည်း ချဲလ်ဆီးအသင်းရဲ့ နှစ်ရှည်လက်တွဲလာခဲ့တဲ့ ဂိုးသမား Petr Cech ကို ခေါ်ယူနိုင်ဖို့ တရားဝင်ဆက်သွယ် မှုတွေ ပြုလုပ်နေပါတယ်။

အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ Petr Cech ကတော့ အာစင်နယ် အသင်းကို ပြောင်းဖို့ ပိုမိုစိတ်ဝင်စားနေပြီး လန်ဒန်မြို့ခံပြိုင်ဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာစင်နယ် ကြားက သဘောတူထားတဲ့ ပြောင်းရွှေ့ကြေးကတော့ စတာလင်ပေါင် ၁၀ သန်း ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ချဲလ်ဆီး ရဲ့ မန်နေဂျာကြီး Jose Mourinho ကတော့ Petr Cech ကိုဆွဲထားနိုင်ဖို့ သူ့မှာ အင်အား မရှိဘူးဆိုတာကို ၀န်ခံထား ပြီးသားဖြစ်သလို Cech အနေနဲ့ Emirates ကွင်းကြီးကို ပြောင်းလိုတယ်ဆိုရင် ချဲလ်ဆီး အသင်းက တာဝန်ရှိသူတွေကလည်း တားမှာ မဟုတ်ပါဘူး။

ဂန်းနားတွေအနေနဲ့ကလည်း ဂိုးသမား အသစ်တစ်ယောက်ကို ခေါ်ယူဖို့လိုအပ်နေတာသေချာပါတယ်။ မနှစ်ကနွေရာသီမှာ စတာလင်ပေါင် ၃ သန်းနဲ့ ၀ယ်ယူထားတဲ့ လက်ရှိဂိုးသမား David Ospina တစ်ယောက်တည်းနဲ့လည်း မဖြစ်နိုင်တော့ပါဘူး။ အခြား ဂိုးသမားတစ်ယောက်ဖြစ်တဲ့ Wojciech Szczesny ကလည်း အသင်းကနေ ပြောင်းရွှေ့ဖို့စီစဉ်နေတဲ့အတွက် ဖြစ်ပါတယ်။

Petr Cech ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Viktor Kolar ကလည်း Cech ဟာ ချဲလ်ဆီးက ထွက်ခွာဖို့သေချာနေပြီး အာစင်နယ် ၊ မန်ယူ နဲ့ ပီအက်စ်ဂျီ တစ်သင်းသင်းကို ပြောင်းလိမ့်မယ်လို့ ဆိုပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment