မန်ယူ ပရိတ်သတ် တို့ရဲ့ အသည်းစွဲ ကပ္ပတိန် Wayne Rooney နဲ့ ဇနီးဖြစ်သူ Coleen Rooney တို့ဟာ သန်းကြွယ် သူဋ္ဌေးတွေ ဖြစ်နေပေမယ့်လည်း ခရီးသွားကားအိမ် တစ်စီး နဲ့ အားလပ်ရက်မှာ အပန်းဖြေ ခဲ့ကြတယ်လို့ သိရပါတယ်။
Kai နဲ့ Klay ဆိုတဲ့ ပေါက်စန အရွယ် သားလေး ၂ ယောက်ရဲ့ မိဘတွေဖြစ်တဲ့ Wayne Rooney တို့ စုံတွဲဟာ North Wales ပြည်နယ် ၊ Prestatyn မြို့ က Presthaven ကမ်းခြေ အပန်းဖြေစခန်းမှာ စတာလင်ပေါင် ၂၅၀၀၀ တန် အိမ် တစ်လုံးကို ၀ယ်ယူဖို့စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
တစ်ကယ်တော့ သူတို့စုံတွဲဟာ အဲဒီလို အပန်းဖြေ ခရီးထွက်ရတာကို သဘောကျသူတွေ ဖြစ်ပြီး တစ်ခါတစ်ရံ Wayne Rooney က လေ့ကျင့်ရေး အတွက် အဝေးတစ်နေရာ ရောက်နေရင်လည်း Coleen Rooney က တစ်ယောက်တည်း သွားလေ့ရှိပါတယ်။
Coleen ဟာ သူမမိသားစုနဲ့ အတူ ဆိုင်ပရက်စ် ၊ ဒူဘိုင်း ၊ ပေါ်တူဂီ ၊ ဘာဘာဒို့စ် နဲ့ ဘရာဇီးလ်တို့ကို ပြီးခဲ့တဲ့နှစ်တွေမှာ ကမ္ဘာ့ဖလား ပွဲအတွက် သွားခဲ့ရပြီး ၂၀၁၄ ခုနှစ်အတွင်းမှာတင် နိုင်ငံခြား ခရီးစဉ် ၈ ခု ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။
Coleen ဟာ သူမရဲ့ Facebook မှာလည်း သူမရဲ့ သား၂ ယောက်နဲ့အတူ Skegness မှာရှိတဲ့ ဗြိတိန် မိသားစု camp တစ်ခုမှာ အပန်းဖြေနေတဲ့ ဓါတ်ပုံကိုတင်ထားခဲ့ပြီး Twitter မှာရေးသားခဲ့တာကတော့ သူမဟာ စနေနေ့က သူငယ်ချင်းတွေ ၊ သား ၂ယောက်နဲ့ အတူ ကားအိမ်မှာ အပန်းဖြေနေခဲ့တာဖြစ်ပြီး ထို ကားအိမ်ဟာ သူဝယ်ထားတာ မဟုတ်ပေမယ့်လည်း သူမရဲ့ သားတွေ သဘောကျတဲ့ အတွက် ၀ယ်ယူဖို့ စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။
Coleen Rooney ရဲ့ ကလေးတွေဟာ ခရီးသွားကားအိမ်မှာ နေထိုင်ရတာကို သဘောကျနေကြပါတယ် |
Ref : Mirror
0 comments :
Post a Comment