လီဗာပူးတိုက်စစ်မှုး Raheem Sterling က အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ Brendan Rodgers ကို သူ အသင်း က ထွက်ခွာလိုတဲ့အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၀ ရက်နေ့က ချဲလ်ဆီးအသင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ Raheem Sterling က Brendan Rodgers ကို မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သူဟာ အန်ဖီး ကွင်းကနေထွက်ခွာလိုတဲ့ ဆန္ဒရှိတာကို ထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသင်းရဲ့တာန်ဝန်ရှိသူတွေက လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးပြီး အသင်းကနေ ထွက်ခွာမသွားအောင် ညှိနှိုင်းဖို့ အစီအစဉ်ကို Raheem Sterling က သဘောတူခဲ့ပါတယ်။
အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင်ကစားသမား Sterling ဟာ အသင်းနဲ့ သဘောတူစာချုပ် ၂ နှစ်သက်တမ်း ကျန်ရှိနေသေးပြီး လီဗာပူးအသင်းက Sterling ကို တစ်ပတ် လုပ်ခ စတာလင်ပေါင် ၉၀,၀၀၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဖို့ ထပ်မံကမ်းလှမ်းထားတာကို Sterling က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
Raheem Sterling အခုလိုငြင်းပယ်ရတဲ့ အကြောင်းအရင်းကတော့ လီဗာပူး အသင်းဟာ အဓိက အောင်မြင်မှု တွေအတွက် ယှဉ်ပြိုင်ခွင့်မရလို့ ဖြစ်တယ်လို့ သိရပါတယ်။
Sterling ဟာ လီဗာပူးရဲ့ နောက်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်မရခဲ့တဲ့အတွက်အသင်းကို အပြစ်တင်ဝေဖန်ထားပြီး မန်ချက်စတာစီးတီး အသင်းကတော့ သူ့ရဲ့ ခြေစွမ်းတွေကို စိတ်ဝင်စား မျက်စိ ကျနေတယ်လို့ သိရပါတယ်။
Ref : Mirror
0 comments :
Post a Comment