Powered by Blogger.

ဘေးလ်နဲ့ ရိုဒရီဂွက်ဇ်တို့ကိုလည်း မန်ယူကိုလာစေချင်နေကြောင်း ရေးထားတဲ့ Post ကို မိုရာတာ Like လုပ်ခဲ့




ရီးယဲလ်မက်ဒရစ်စတား အယ်လ်ဗာရိုမိုရာတာဟာ မန်ယူအသင်း ကိုပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့ လူမှုကွန်ယက်ပေါ်က သတင်းတွေကို သဲလွန်စတစ်ခုပေးလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် မိုရာတာဟာ နည်းပြဖြစ်သူ ဇီဒန်းရဲ့လက်အောက်မှာ နေရာကောင်းကောင်းမရလို့ ပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

သတင်းတွေအရ ဟိုဆေးမော်ရင်ဟိုဟာ မိုရာတာနဲ့ ဖုန်းနှစ်ခါလောက်ပြောခဲ့ပြီးပြီလို့လည်း ဆိုကြပါတယ်။ ဒီလိုသတင်းတွေထွက်နေချိန်မှာပဲ ဂါရက်ဘေးလ်နဲ့ ဟာမက်စ်ရိုဒရီဂွက်ဇ်တို့ကိုလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် မိုရာတာက အလိုရှိနေတယ်လို့ Instagram မှာ တင်ထားတဲ့ သတင်းကို Like လုပ်ခဲ့တာပါ။

Post မှာ “မိုရာတာ ဟာ မန်ယူကိုပြောင်းဖြစ်ခဲ့ရင် ဂါရက်ဘေးလ်ကိုလည်း ယူနိုက်တက်အင်အားတောင့်တင်းဖို့ လာရောက်စေလိုနေပြီး ဟာမက်စ်ရိုဒရီဂွက်ဇ်ကိုလည်း လာရောက်ကစားစေလိုနေပါတယ်” လို့ ရေးထားတာပါ။



    Brucee

  #sport.thithtoolwin.com

   Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment