Powered by Blogger.

ဇီဒန်းကို (၂)နှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုမယ့် ရီရဲလ်မတ်ဒရစ်အသင်း



ယခုနှစ်ရဲ့ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းသည် နည်းပြဇီဒန်းကို၂၀၂၀ခုနှစ်အထိ (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်စီစဉ်နေသည်။ ဇီဒန်း၏လက်ရှိစာချုပ်မှာ ၂၀၁၈ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်သော်လည်းအသင်းက ၄င်းအားနောက်ထပ်(၂)နှစ်သက်တမ်းတိုး စာချုပ် ထပ်မံချုပ်ဆိုချင်နေတယ်လို့ သိရပါတယ်။

ဇီဒန်းသည်၂၀၁၆ခုနှစ်ရာသီဝက်မှာ ဘင်နီတတ်ဇ်နေရာကိုအစားထိုးဝင်ရောက်ကာ ရီးယဲလ်အသင်းကိုစတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး (၂)ရာသီအတွင်းအသင်းအားလာလီဂါဖလား(၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်၊ ဥရောပါစူပါဖလား(၁)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား(၁)ကြိမ်တို့ကိုဆွတ်ခူးရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

 ဇီဒန်းသည်ယခုနှစ်ရာသီတွင်ချန်ပီယံလိဂ်ဆုဖလားကိုထပ်မံရယူပြီး(၂)နှစ်ဆက်ရယူပေးနိုင်ခဲ့သည့်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့သည့်ရာသီကဇီဒန်းသည်ရီးယဲလ်အသင်းကိုဥရောပထိပ်သီးလိပ်(၅)ခုတွင် အကောင်းဆုံးတိုက်စစ်အသင်းဖြစ်အောင်စုဖွဲ့ ပေးနိုင်ခဲ့သလို ပြိုင်ပွဲအရပ်ရပ်ပွဲစဉ်တိုင်းမှာလည်းဂိုးသွင်းယူနိုင်ခဲ့သောအသင်းဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ ပါတယ်။


Mocha


#sport.thithtoolwin.com

Ref:Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment