Powered by Blogger.

ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲအတွတ် လေ့ကျင့်ခန်းဆင်းနေကျတဲ့ ပေါ်တူဂီအသင်းသားများ





Cristiano Ronaldo ဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ ကလတ်ဗီးယားကို ၃: ၀ နဲ့ ကမ္ဘာဖလားခြေစစ်ပွဲ တွင်အနိုင်ရရှိပြီးယနေ့ မှာတော့ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲအတွတ်လေ့ကျင့် ခန်းပြန်လည်ဆင်းနေပြီးဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာလာမယ့် တနင်္ဂနွေနေ့ ညမှာ မက္ကဆီကို အသင်းနဲ့ အုပ်စုပထမဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


ပေါ်တူဂီအသင်းဟာမက္ကဆီကို ၊ နယူဇီလန်အသင်း၊ အိမ်ရှင်ဖြစ်တဲ့ ရုရှားအသင်းတို့ နဲ့ တအုပ်စုထဲကျရောက်နေတာဖြစ်ပါတယ်။Cristiano Ronaldo ဦးဆောင်တဲ့ ပေါ်တူဂီအသင်းကတော့ အုပ်စုတတ်ရောက်ရန် မက္ကဆီကိုအသင်းနဲ့ အပြိုင်ရေပန်းစားနေပါတယ်။ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာရီရဲလ်မတ်ဒရစ်အသင်းနှင့် လာလီဂါဖလား၊ ချန်ပီယံလိဂ်ဆုဖလားကြီးတို့ ကိုရယူထားနိုင်ခဲ့ ပြီးပေါ်တူဂီအသင်းနှင့် နောက်ထပ်ဖလားတလုံးကိုထပ်မံယူနိုင်မလားဆိုတာကတော့စောင့် ကြည့် ချင်စရာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းရဲ့ နည်းပြဖြစ်တဲ့ ဖာနန်ဒိုဆန်းတို့ကတော့ သူရဲ့ အသင်းဟာ ကွန်ဖက်ဒရေးရှင်းဖလားကိုအရယူနိုင်စွမ်းရှိတယ်လို့ ကြုံဝါးထားပါတယ်။ပေါ်တူဂီအသင်းဟာယူရို ၂၀၁၆ပြိုင်ပွဲမှာ ပြင်သစ်အသင်းကိုကျော်ဖြတ်ပြီး ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ ပါတယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment