မန်ယူအသင်းဟာ ဘင်ဖီကာနောက်ခံလူ Victor Lindelof ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ အတည်ပြု ပြောကြားခဲ့ပြီး ဆေးစစ်မှုတွေပြုလုပ်ဖို့ လုပ်နေကြောင်း အတည်ပြုခဲ့ပါတယ်။
ဆွီဒင်လက်ရွေးစင် ကစားသမားဟာ အိုးလ်ထရက်ဖို့ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ လကတည်းကရင်း ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ အသက် ၂၂နှစ်အရွယ် Lindelof ကို ခေါ်ယူဖို့ ပေါင် ၃၅သန်း လောက်ပေးချေခဲ့ရတယ်လို့ သတင်းတွေက ဆိုခဲ့ပါတယ်။
မန်ယူက အသင်းရဲ့ Twitter စာမျက်နှာကနေ ခေါ်ယူနိုင်တဲ့ အကြောင်းကို တင်ထားခဲ့ပါတယ်။
https://twitter.com/ManUtd/status/873631005869051904
“ကျွန်တော်တို့အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ကနေ ဘင်ဖီကာ ကစားသမား Victor Lindelof ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာကို ပြောကြားလိုပါတယ်” လို့ ဖော်ပြချက်မှာဆိုပါတယ်။ မန်ယူအနေနဲ့ ရီးယဲလ်တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာကို ခေါ်ယူဖို့လည်း အပြင်းအထန်ကြိုးပမ်းနေပါတယ်။
#sport.thithtoolwin.com
Ref: Metro
0 comments :
Post a Comment