အနာဂါတ်မှာ အင်္ဂလန်လက်ရွေးစင် အသင်းကြီးရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်ဖြစ်ချင်တယ်ဆိုတဲ့  ဟယ်ရီကိန်း..
စကော့တလန်အသင်းနှင့် ၂:၂ သရေကျသည့် ပွဲစဉ်၌ အင်္ဂလန်အသင်းရဲ့ ခေါင်းဆောင် တာဝန်အား ပထမဆုံး အကြိမ်ရယူခဲ့သူ စပါးတိုက်စစ်မူးဟာရီကိန်းမှာ အင်္ဂလန်ရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် ဖြစ်လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
"ကျွန်တော် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင် ဖြစ်ချင်ပါတယ်။ ဦးဆောင်သူ တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ကျွန်တော် တကယ်မသိသေးပါဘူး''
"ကျွန်တော် လေ့လာမှုတွေ လုပ်နေပြီး ကျွန်တော့်ရဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်ဘာကို လိုချင်တယ်ဆိုတာ သိပါတယ်။ဒီအသင်းကလည်း ရည်မှန်းချက်ကြီးပြီး အင်္ဂလန်ကို ဦးဆောင်နိုင်တဲ့ သူတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပါ'' လို့ ကိန်းမှ ဆိုပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေဖြင့် အသင်းခေါင်းဆောင် ရွန်းနီတစ်ယောက် လက်ရွေးစင်ကစားသမားဘဝ မရေမရာဖြစ်လာပြီးနောက် ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်သွားဖို့ရှိနေပါတယ်။
Mocha
#sport.thithtoolwin.com
Ref: Mirror
0 comments :
Post a Comment