Powered by Blogger.

အမ္ဘက္ပီ ကိုပေါင် သန်း၁၀၀ဖြင့် ကမ်းလှမ်းလိုက်တဲ့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ 


လီဗာပူးအသင်းရဲ့ နည်းပြဂျာဂန်ကလော့ဟာ မိုနာကိုအသင်းရဲ့ တိုက်စစ်မူးလေးအမ်ဘက်ပီကို ပေါင်သန်း ၁၀၀ဖြင့် ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။လတ်တလောမှာတော့ ရီရဲလ်မတ်ဒရစ်အသင်းက အဆိုပါ အသက် ၁၈နှစ်သား ကစားသမားလေးကိုခေါ်ယူနိုင် ဖို့ ဦးဆောင်နေပြီ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးကတည်းက
ပေါင်သန်း ၁၀၀ကျော်ဖြင့် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဂျာဂန်ကလော့ဟာ ပြီးခဲ့တဲ့ ရာသီ လီဂူးဝမ်းမှာ အသင်းကိုလီဂူးဝမ်းဖလား ဆွတ်ခူးစေကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အသင်းကိုဆီမီးဖိုင်နယ်အဆင့်ထိတတ်ရောက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ တဲ့ ဘာပေရဲ့ ခြေစွမ်းကို အထူးသဘောကျနေပြီးလီဗာပူးအသင်းရဲ့ တိုက်စစ်မှာ ဘာပေလို ခြေ
စွမ်းခြေစရှိတဲ့ ကစားသမားလေးကိုတိုက်စစ်မှာအားဖြည့် ချင်နေတယ်လို့ သိရပါတယ်း။

အမ်ဘက်ပီဟာ ယခုလောလောဆယ်မှာတော့ ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံထားရပြီး ပြီးခဲ့ တဲ့သောကြာနေ့ ညက ဆွီဒင်အသင်းကို၂ : ၁ဂိုးဖြင့်ရှံးနိမ့် ခဲ့ တဲ့ကမ္ဘာဖလား ခြေစစ်ပွဲမှာ ၀င်ရောက်ကစားထားတာကိုလည်းတွေ့ ရပါတယ်။

 အာဆင်နယ် အသင်းနဲ့ မန်ချက်စတာယူနိုက်တတ်အသင်းကလည်း ဘာပေကို စံချိန်တင်ပြောင်း ရွေ့ ကြေးများစွာဖြင့် ကမ်းလှမ်းမူတွေပြု လုပ်ထားတာကိုလည်းတွေ့ ရပါတယ်။မိုနာကို အသင်းဟာ အပြောင်းအရွေ့ ရာသီမှာ အသင်းရဲ့ အဓိက ကစားသမားအချို့ ကိုအသင်းကြီးတော်တော်များများက ကမ်းလှမ်းမူတွေ ပြုလုပ်ထားပြီးအသင်းရဲ့ အဓိကကစားသမားအချို့ ကို ဆုံးရှုံးရဖွယ်ရှိနေပါတယ် ။ချဲလ်ဆီးအသင်းကလည်း မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမားဘာကာယိုကို ကိုကမ်းလှမ်းမူပြုလုပ်ထားတယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: Daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment