Powered by Blogger.

အာဆင်​နယ်ကြယ်​ပွင့်​ချိန်​ဘာလိန်​ကို ပေါင် သန်း၄၀ဖြင့် ခေါ်ယူရန် ပြင်ဆင်နေတဲ့ လီဗာပူးအသင်း



Express သတင်းစာရဲ့​ဖော်​ပြချက်​အရလီ​ဗာပူးအသင်းဟာအာဆင်​နယ်​နဲ့စာချုပ်​သက်​တမ်းတစ်​နှစ်​သာကျန်​ရှိ​တော့တဲ့​တောင်​ပံကစားသမား ​ချိန်​ဘာလိန်​ကိုကမ်းလှမ်းမှုပြုလုပ်​ရန်​ပြင်​ဆင်​​နေပြီလို့သိရပါတယ်​။

က​လော့ဟာချိန်​ဘာလိန်​ကိုအန်​ဖီးအ​ရောက်​​ခေါ်ယူရန်​စိတ်​အားထက်​သန်​​နေပြီးအင်္ဂလန်​လက်​​ရွေးစင်​​တောင်​ပံကစားသမား အာဆင်​နယ်​နဲ့စာချုပ်​သက်​တမ်းမတိုး​သေးမီ​နောက်​ဆုံးအ​နေနဲ့လှုပ်​ရှားသွားဖို့ပြင်​ဆင်​​နေတယ်လို့ သိရပါတယ် ။

ကလော့ဟာချိန်​ဘာလိန်​အတွက်​အာဆင်​နယ်​ကို​ပေါင်​သန်း၄၀ထိ​ပေး​ကာကမ်းလှမ်းသွားဖို့ရှိ​နေပြီးအင်္ဂလန်​လက်​​ရွေးစင်​အတွက်​အာ​ဆင်​နယ်​ကမ်းလှမ်းထားတဲ့တစ်​ပတ်​​ပေါင်​၁သိန်းကိုလည်း​ပေး​ချေသွားဖို့ဆုံးဖြတ်​ထားပါတယ်​။

ချိန်​ဘာလိန်​ဟာပြီးခဲ့တဲ့​ဘောလုံးရာသီကအာဆင်​နယ်​အတွက်​ပုံစံ​ကောင်းပြသခဲ့သူဖြစ်​ကာမကြာ​သေးမီကအက်​ဖ်​​အေဖလား​ဗိုလ်​လုပွဲမှာလည်းအာဆင်​နယ်​အတွက်​အထူး​ခြေစွမ်းပြခဲ့ပြီးနည်းပြကြီးအာဆင်ဝင်းဂါးကို၇ကြိမ်​​မြောက်​အက်​ဖ်​​အေဖလားရရှိအောင် ဆွတ်ခူးပေးနိုင်ခဲ့ ပါတယ်။


 Mocha

 #sport.thithtoolwin.com

 Ref: Dail mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment