ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ချင်နေတဲ့ မန်ယူဂိုးသမား David De Gea ဒူးကောက်ကြော ဒဏ်ရာရ
မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်လက်ကစားဖို့ အတွက် ဒွိဟ ဖြစ်နေရတဲ့ စပိန်နိုင်ငံသား ဂိုးသမား David De Gea ဟာ အာစင်နယ် အသင်းနဲ့ ၁ ဂိုး - ၁ ဂိုး စီ သရေကျခဲ့တဲ့ အိုးထရက်ဖို့ဒ် ကွင်းက ပွဲစဉ်အပြီးမှာ ဒူးကောက်ကြော ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို ဒဏ်ရာ ရလိုက်တာဟာ မက်ဒရစ်မြို့မှာ အခြေချနေတဲ့ ရည်းစား Edurne Garcia နဲ့ မိသားစု ၀င်တွေရှိရာ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့အတွက် အခွင့်အရေး ဖြစ်နေတယ်လို့ မန်ယူ မန်နေဂျာကြီး Louis Van Gaal က ၀န်ခံလိုက်ပါတယ်။
ဒါ့အပြင် တစ်ပတ်ကို လုပ်အားခ စတာလင်ပေါင် ၂၀၀,၀၀၀ နဲ့ မန်ယူရဲ့ ကမ်းလှမ်းထားမှုကို ပယ်ဖျက်ပြီး အစောကတည်း က ဆွေးနွေးပြီးဖြစ်နေတဲ့ ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ဖို့ဆိုတာဟာလည်း David De Gea အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေပါတယ်။
"သူ့ရဲ့အနေအထားကို ကျွန်တော်သတိထားမိပါတယ်။ ပြီးတော့ သူဟာ စပိန်လူမျိုးတစ်ယောက်ပါ။ လက်ရွေးစင်အသင်းမှာလည်း သူဟာ Casillas ရဲ့ အနောက်မှာပဲရှိပါတယ်။အခု စပိန်ကလပ်က သူ့ကိုခေါ်နေပါပြီ။ သူ့ကောင်မလေးက လည်း စပိန်မှာပါ။ စပိန်မှာနေတဲ့ သူ့အဖေနဲ့ အမေ က အပတ်တိုင်း ဒီကိုလာနေရတာ ခက်ပါလိမ့်မယ်" လို့ Louis Van Gaal က သူ့ရဲ့ ပြောင်းရွှေ့တော့မယ့် အသင်းသား အကြောင်းကို ပြောပြပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ David De Gea ကို စတာလင်ပေါင် ၂၅ သန်းနဲ့ ဒီနှစ်နွေရာသီမှာ ရောင်းချတော့မယ်လို့ စီစဉ်နေပြီး သူ့ရဲ့လက်ရှိ စာချုပ်ကလည်း တစ်နှစ်သာ သက်တမ်းကျန်ပါတော့တယ်။
စပိန်နိုင်ငံသား ဂိုးသမားဟာ Louis Van Gaal မန်ယူကို စတင်ကိုင်တွယ်စဉ်ကတည်းက ပွဲတိုင်းမှာ ပထမ အသင်းမှာ ပါဝင်ကစားခဲ့ပြီး တနင်္ဂနွေနေ့က အာစင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာမှ ဒဏ်ရာရသွားပြီး Victor Valdes နဲ့ အစားထိုးခံခဲ့ရတာဖြစ်ပါတယ်။
Ref : Dailymail
0 comments :
Post a Comment