Powered by Blogger.

၃ နှစ်တာအတွင်းဒုတိယ အကြိမ် လာလီဂါ ချန်ပီယံ ဖြစ်လာတဲ့ ဘာစီလိုနာ




ဘာစီလိုနာ အသင်းဟာ ၃ နှစ်တာအတွင်းမှာ  ဒုတိယ အကြိမ်မြောက် စပိန်လာလီဂါ ရဲ့ ချန်ပီယံ ဖြစ်ခဲ့ပြန်ပါပြီ။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာ Lionel Messi ရဲ့ ဒီနှစ်ဘောလုံးရာသီအတွက် ၄၁ ဂိုးမြောက် ဂိုးကို သွင်းယူပြီး ဘာစီလိုနာ အသင်းကို စပိန်လာလီဂါရဲ့ ချန်ပီယံ ဖြစ်စေခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ မေလ ၃၀ ရက်နေ့မှာတော့ Copa del Rey ဖလားဖိုင်နယ်ပွဲစဉ်မှာ အက်သလက်တစ်ဘီဘာအို အသင်းနဲ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာလည်း ဂျူဗင်တပ်စ် အသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရမှတ်ခြင်းနီးကပ်နေတဲ့ လာလီဂါပြိုင်ဘက် ရီးရဲမက်ဒရစ် အသင်းက အက်စပန်ညို အသင်းကို C.Ronaldo ရဲ့ ဟက်ထရစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်လည်း ဘာစီလိုနာ အသင်းက ၄ မှတ် အကွာနဲ့ ချန်ပီယံ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ အလယ်တန်းကစားသမား Sergio Busquets ကတော့ လာလီဂါ ချန်ပီယံ ဖြစ်ဖို့ဆိုတာဟာ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ဖို့ ထက်ခက်ခဲတယ်လို့ဆိုထားပါတယ်။

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment