Powered by Blogger.

နယူးကာဆယ် မန်နေဂျာ ဖြစ်လာတဲ့ Patrick Vieira




ဂန္တ၀င် ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်တဲ့ Patrick Vieira ဟာ နယူးကာဆယ် အသင်းရဲ့ မန်နေဂျာ ဖြစ်လာတော့မှာပါ။

လက်ရှိ မန်ချက်စတာစီးတီး အသင်းရဲ့ ၂၁ နှစ်အောက်လူငယ် အသင်း နည်းပြချုပ် Patrick Vieira ဟာ ဒါဘီကောင်တီ အသင်းကနေ ထွက်ခွာလာတဲ့ Steve McClaren နဲ့ နယူးကာဆယ် မန်နေဂျာ နေရာအတွက် ခေါင်းချင်းဆိုင် ယှဉ်ပြိုင်ရတော့မှာပါ။

နယူးကာဆယ် အသင်းရဲ့ ပိုင်ရှင် Mike Ashley ဟာ မန်နေဂျာ ရာထူးနဲ့ သင့်တော်မယ့် လူသစ်တစ်ယောက်ကို ရှာဖွေနေပြီး မန်နေဂျင်းဒါရိုက်တာ Lee Charnley ဟာ ဆုံးဖြတ်ချက်မချခင်မှာပင် အလုပ်လာလျှောက်တဲ့ ၂ ယောက်နဲ့ စကားပြောပြီးနေပါပြီ။

Vieira ကတော့ ပြီးခဲ့တဲ့ တစ်ပတ်လုံး UEFA ရဲ့ ပရော်ဖက်ရှင်နယ် လိုင်စင်ကို ပြုလုပ်ခြင်းနဲ့ ကုန်ဆုံးစေခဲ့ပြီးသူ့ရဲ့ ရာထူးအသစ်အတွက်လည်း သူ့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

ပြင်သစ် နဲ့ အာစင်နယ် ရဲ့ ဂန္တ၀င် သူရဲကောင်း ဟာ သူဘယ်လို မန်နေဂျာမျိုး ဖြစ်လာချင်လဲ ဆိုတဲ့ အမြင်တွေလည်း ရှိနေပါသေးတယ်။

" ကျွန်တော်အခုလို မန်နေဂျာ တစ်ယောက်ဖြစ်လာတာကို ပျော်ပါတယ်။ ကျွန်တော့် မှာ အမြင်တစ်ခုရှိတယ်။ကျွန်တော်က B လိုင်စင်ကနေ ပရော်ဖက်ရှင်နယ် လိုင်စင် ရဖို့အတွက် ၃ နှစ်တိတိ ကြိုးစားခဲ့ရတယ်။ ကျွန်တော့်ကိုကျွန်တော် သိပါတယ်။ ကျွန်တော် ဘယ်လိုမန်နေဂျာဖြစ်ချင်လဲဆိုတာကို ကျွန်တော်သိပါတယ်။ သူတို့ကလည်း ကျွန်တော့်ခေါင်းထဲကို ဘာမှထည့်ပေးမှာမဟုတ်ဘူး။ကျွန်တော် ပွဲစဉ်တွေကို ဘယ်လိုမြင်လဲဆိုတာနဲ့ ကျွန်တော် အောင်မြင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ သူတို့ ကျွန်တော့်ကို လိုအပ်တာတွေဘယ်လို ပေးမလဲဆိုတာအပေါ် မူတည်ပါတယ်။" လို့ Vieira က ဆိုပါတယ်။

Vieira ဟာ တစ်ခါတစ်လေမှာ ဆွမ်ဆီးအသင်းရဲ့မန်နေဂျာ Garry Monk နဲ့လည်း အတွေ့အကြုံတွေဖလှယ်လေ့ရှိတယ်လို့ သိရပါတယ်။

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment