Powered by Blogger.

နံပါတ် ၄ နေရာက ဂုဏ်မပြုထိုက်ဘူးလို့ ဆိုတဲ့ မန်ယူ အလယ်တန်းကစာသမား Carrick




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေမှုဟာ ဂုဏ်ပြုထိုက်တဲ့အောင်မြင်မှုတစ်ခုမဟုတ်ဘူး လို့ အသင်းရဲ့ အလယ်တန်းကစားသမား Michael Carrick က ဆိုလိုက်ပါတယ်။

Carrick ဟာ အိုးထရက်ဖို့ဒ်ကွင်း မှာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အကြိမ်ပေါင်းများစွာ အောင်မြင်ခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်ကတည်းက နံပါတ် ၄ အဆင့်လောက်ထိ နိမ့်ကျတဲ့ ရပ်တည်မှု မျိုး မန်ယူ အသင်းမှာ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

" နံပါတ် ၄ နေရာဟာ ရယူပိုင်ဆိုင်လိုက်နိုင်မှု တစ်ခုဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်လည်း သိပ်တော့ မခမ်းနားလှပါဘူး။ နံပါတ် ၇ နေရာမှာ ရပ်တည်ရတယ်ဆိုရင်တော့ ရှုံးနိမ့်သွားပါပြီ။ မန်ယူ အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်တော့ ရခဲ့ပါသေးတယ်။ ဒါဟာလည်း အထူးအဆန်းတော့မဟုတ်ပါဘူး။မန်ယူအနေနဲ့ ချန်ပီယံလိဂ်မှာတော့ ရှိနေသင့်ပါသေးတယ်" လို့ Michael Carrick က ဆိုပါတယ်။

ဒီနှစ်ဘောလုံးရာသီ ရလဒ်တွေကြောင့် ကစားသမားတွေအနေနဲ့ စတေးလိုက်ရတာတွေ ရှိနေသေးပေမယ့် နောက်နှစ်မှာတော့ ဒီထက်ပိုတိုးတက်အောင်ကြိုးစားရမှာဖြစ်ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေရုံနဲ့ မလုံလောက်ကြောင်းကိုလည်း Carrick က ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းရဲ့ အောင်မြင်မှုဟာ ဆုဖလားတွေနဲ့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပြီး ချန်ပီယံ လိဂ် ၀င်ခွင့်နဲ့ မဟုတ်ကြောင်းလည်း Carrick ကဆိုပါတယ်။

သူဟာ မန်ယူအသင်းအနေနဲ့ နောက်နှစ်မှာ ချန်ပီယံဖြစ်လာဖို့ အတိအကျ မပြောနိုင်သေးပေမယ့်လည်း မန်နေဂျာ Louis Van Gaal ရဲ့ ကစားကွက်တွေဟာ အသင်းအတွက် ဆုဖလား တစ်ခုကိုတော့ ရယူပေးနိုင်လိမ့်မယ်လို့ Carrick က ယုံကြည်နေပါတယ်။

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment