Powered by Blogger.

Neymar နဲ့ Luiz Suarez တို့ကို ချီးကျူးစကားဆိုတဲ့ Lionel Messi




Lionel Messi က သူ့ကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာစေခဲ့တာ သူ့နောက်က ကစားဖော်တွေပဲဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

Neymar နဲ့ Luiz Suarez တို့ဟာ အကောင်းဆုံး တိုက်စစ် ကို Lionel Messi နဲ့တွဲပြီး ပိုင်ပိုင်နိုင်နိုင် ပုံဖော်ကစားခဲ့တဲ့အတွက် ဘာစီလိုနာ အသင်းကို ဥရောပမှာ အအောင်မြင်ဆုံး အသင်း ၁ သင်းဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါ ပြိုင်ဘက် အသင်းဖြစ်တဲ့ ရီးရဲ မက်ဒရစ်ကို ၂ မှတ် အကွာ နဲ့ အနိုင်ယူပြီး လာလီဂါ ချန်ပီယံ ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ အပတ်ကလည်း Copa del Rey ဖလားကို ရယူပြီး စပိန် ဖလား ၂ ခု ပိုင်ဆိုင်စေခဲ့ပါတယ်။

အခုလည်း လာမယ့် စနေနေ့မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ဂျူဗင်တပ်စ် ကို အနိုင်ရခဲ့ရင်တော့ သမိုင်းမှာ ဖလား ၃ လုံး ပိုင်ဆိုင်တဲ့ အသင်းတစ်သင်း အဖြစ် ထပ်မံ ကဗ္ဗည်း တင်နိုင်တော့မှာပါ။

"Neymar နဲ့ Suarez တို့ကို ယှဉ်ကစားဖို့ဆိုတာတော့ ခက်ပါတယ်။ သူတို့ ၂ ယောက်ဟာ သူတို့ ပြိုင်ပွဲတွေမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ၃ ယောက်ပေါင်းပြီး ၁ရာသီ ကစားခဲ့တာပါ။ ကျွန်တော်တို့ အားလုံး အတူ တိုးတက်လာနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး အဲဒါ ကို အဖွဲ့အစည်း စိတ်ဓါတ်လို့ လက်ခံထားပါတယ်။" လို့ Messi က ဆိုပါတယ်။

Messi ဟာ တောင်အမေရိက သီချင်းကို သီဆိုနေရင်းနဲ့ပဲ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment