Powered by Blogger.

မန်စီးတီး ကစားသမား James Milner ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ လီဗာပူး ဆို




လီဗာပူး အသင်းဟာ မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ် ကစားသမား James Milner ကို စာချုပ်ချုပ်ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် ကစားသမား James Milner ဟာလည်း မန်စီးတီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်နေတဲ့အတွက် လီဗာပူးက အခုလိုကြိုးစားနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲ နောက်ဆုံး အဆင့်ကို ညှိုနှိုင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ Liverpool Echo က ဖော်ပြထားပါတယ်။

Milner ကို ခေါ်ယူဖို့ လီဗာပူး အသင်းက ပစ်မှတ်ထားခဲ့တာကြာခဲ့ပါပြီ။ အခုတစ်ကြိမ်မှာတော့ အသက် ၂၉ နှစ်အရွယ် James Milner ကို ဇူလိုင် ၁ ရက်နေ့မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ အန်ဖီးလ် ကွင်းကို ပြောင်းရွှေ့လာလိမ့်မယ်လို့ လီဗာပူး အသင်းက ယုံကြည်နေပါတယ်။

James Milner ကို ခေါ်ယူဖို့အတွက် လီဗာပူး တစ်သင်းထဲသာမက ပဲ အာစင်နယ် အသင်းကလည်း စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့သဘောတူညီမှုကိုတော့ လီဗာပူးကပဲ ရရှိသွားနိုင်ဖွယ်ရှိနေပါတယ်။

James Milner နဲ့ စာချုပ်ချုပ်နိုင်ခဲ့ရင်တော့ လီဗာပူး အသင်းအတွက် လက်ရှိ ရင်ဆိုင်နေရတဲ့ ဝေဖန်မှုတွေကြားကနေ အသင်းကို ရုန်းထွက် ခွင့် ပေးလိုက်နိုင်မှာပါ။  လီဗာပူး အသင်းရဲ့ အခြား ပစ်မှတ် ဖြစ်တဲ့ ကစားသမားတွေကတော့ ဘန်လေ အသင်းရဲ့ တိုက်စစ်မှုး Danny Ings ဖြစ်ပြီး သူလည်း စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဆောက်သမ်ပတန် အသင်းရဲ့ နောက်တန်းကစားသမား Nathaniel Clyne ကိုလည်း ခေါ်ယူဖို့ကြိုးစားနေပေမယ့် စတာလင်ပေါင် ၁၀ သန်း နဲ့ ကမ်းလှမ်းမှု ကို ဆောက်သမ်ပတန် အသင်း က ပယ်ချခဲ့တဲ့အတွက် စတာလင်ပေါင် ၁၅ သန်း နဲ့ ထပ်မံ ကမ်းလှမ်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာ တိုက်စစ်မှုး Christian Benteke ကိုလည်းခေါ်ယူဖို့ ကြိုးစားနေပါသေးတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment